Part 20 (final)

13.2K 548 43
                                    

'' ပေါင်ပေါင်လေးရေ..... ပါးပါးဆီ လာမှာလား ''

'' ခစ်....ခစ်...''

ဖေဖေ့လက်ထဲကနေ ကဲကဲလေးဆီ လက်လှမ်းနေသော ပေါင်ပေါင်လေးအား ချီကာ ကဲကဲလေး ကားထဲဝင်လိုက်သည်။ Daddy နဲ့ကဲကဲတို့ကတစီး ၊ကိုကြီးက ကားမာင်းပြီး ဘေးတွင် ဖေကြီးကထိုင်ကာ ၊ ဖေဖေနဲ့ ဖြိုးကိုက နောက်ခန်းတွင် ဝင်ထိုင်ကြ၏။ အားလုံးပြီးစီးသွားတော့ ကိုအဲရှိရာ နယ်မြို့လေးသို့ ကားမောင်းထွက်ခဲ့ကြသည်။ မနက်လေးနာရီလောက် ထမောင်းမှ ဟိုကို နေ့ခင်းဆယ်နာရီလောက် ရောက်သွား ကြ၏။

ပေါင်ပေါင်လေးအား Daddy ဆီ ကမ်းပေးလိုက်ကာ ကဲကဲလေး သူဝတ်ထားသော Hoodie ပန်းနုရောင်လေး အား ဆွဲချကာ ဂျင်းဘောင်းဘီ အနက်လေးအား မုန့်အနည်းငယ် ကျနေသည်ကို ခါချကာ ကားပေါ်မှ ဆင်းလာခဲ့ပြီး Daddy လက်အား သွားကိုင်ထားလိုက်၏။ ​ကိုအဲနဲ့ ဖေကြီးတို့က စကားပြောနေပြီး ဖြိုးကိုနဲ့ စကားပြောနေသော အညိုကောင်လေးက လွင်ပြင်လေး ဖြစ်ရမည်။

'' ဟေး...လွင်ပြင်လေး ၊ ကိုကြီးကဲကဲတို့ လာပြီလေ ''

'' ကိုကြီးကဲကဲ ၊ ပေါင်ပေါင်လေးရောပဲ ပေါ့... ဟီး ''

လွင်ပြင်လေး ထက် နှနှစ်ကြီးသော အမောင်ကဲကဲတယောက် အကိုကြီး စတိုင်နဲ့ လှမ်းအော်နေသည်အား ကိုနေ ပြုံးမိ၏။ ကိုအဲ ဟာလေးကလဲ ပြေးမလာရုံတမယ် သူတို့ဆီ လမ်းလျှောက်လာလေရဲ့။

'' ပေါင်ပေါင်လေးကို ချီလို့ရမလား ကိုကြီးနေ နဲ့ ကိုကြီးကဲကဲ ''

'' ရတာပေါ့ လွင်ပြင်လေး ရဲ့ ၊မင်းတူက အနှစ်ပြည့်တယ် ချီသာချီ ''

ကဲကဲလေးကလဲပြော ကိုနေကလဲ သားသားအားပေးချီလ်ုက်၏။ ငါးလကျော် သားသားက နာမည်နဲ့လိုက်အောင် ပေါင်တုံးကြီးတွေက ကြက်ပေါင်လေးတွေနဲ့တူနေကာ တစ်တုတ်နေ၏။ မျက်နှာချို သော ပေါင်ပေါင်လေးက သူ့ပါးချိုင့်ကြီးပေါ်အောင် ရယ်ပြကာ သူ့လေးလေးလွင်ပြင်လေးအား ရယ်ပြနေ၏။

မျက်ဝန်းပြာလေးနဲ့ ေပါင်ပေါင်လေးကို လွင်ပြင်တယောက် ပြုတ်ကျသွားမှာလဲဆိုးကာ သေချာခ​ျီထားပြီး မြှူနေတော့ ပေါင်ပေါင်လေးက တခစ်ခစ်ရယ်နေတော့၏။ အနှစ်ပြည့်လွန်းတာကြောင့် ခဏလေးပဲ ချီရသေး လွင်ပြင်လက်မောင်းတွေ အောင့်လာတော့၏။ ကိုအဲရောက်လာပြီး ပေါင်ပေါင်လေးအား ချီသွားမှ လက်အညောင်းဆန့်ရတော့သည်။ အစ်ကို့ ဖေကြီးနဲ့ဖေဖေကလဲ ခန့်ချောကြီး တွေဖြစ်ကာ ကိုကြီးစေနဲ့ ကိုကြီးဖြိုးတို့ အတွဲရော၊ ကိုကြီး နေနဲ့ကိုကြီးကဲကဲတို့ အတွဲကပါ လိုက်ဖက်ညီလျက် ချောမောနေကြသည်။ သူ့ကိုလဲ ချစ်ကြသည်မို့ လွင်ပြင့်ရင်ထဲ စိုးရိမ်စိတ်တို့ ပြေပျောက်သွားရတော့သည်။

💙 အပြာရောင် ချစ်ခြင်းသံစဥ် 💙  ( completed) Where stories live. Discover now