Part 14

8.2K 546 116
                                    

'' Boss. ...စန္ဒီမိုးမြင့် company ရှေ့မှာ ထပ်ရောက်နေတာ နာရီဝက်ကျော်ပါပီ....''

'' သူတို့သားအမိ အပူဆိုက်နေပီ။ မသီတာ...ကျွန်တော် က company ရှေ့ကနေ ပြန်ခိုင်းတယ်လို့ ပြောလိုက်ပါ။ မပြန်ရင် လုံခြုံရေး တွေနဲ့ ဆွဲထုတ်ခိုင်းမယ်လို့ တခါထဲပြောလိုက်။ ပြီးတော့ မသီတာအနေနဲ့ မိနိးကလေးချင်း ကိုယ်ချင်းစာ တဲ့သဘောမျိုးပြောပြီး ငါးသိန်းပေးလိုက်....ယူသွား... မသီတာ။

'' ဟုတ်ကဲ့ပါ Boss. .''

ကိုနေ ထုတ်ပေးလိုက်သော ငွေငါးသိန်းကို ယူကာ မသီတာ ထွက်သွားသည်။ သဒ္ဒါတရား ရှိလွန်းလို့ ပေးတယ်မထင်နဲ့။ နေမြတ်သော် ဆိုတဲ့ သူက အတ္တကြီးပြီး အငြိုးကြီးတယ်။ သူ့ပိုင်ဆိုင်ရာ ကောင်လေးကို အပြစ်လုပ်လိုက်တဲ့သူကို  ခွင့်လွှတ်ပေးရိူးထုံးစံ ဆိုတာ ကိုနေ့ ရာဇဝင်မှာ ဘယ်တော့မှ ရှိမှာမဟုတ်ဘူး။ ငါးစာချပေးလိုက်တာ..... အဟက်။

'' Boss က Company ရှေ့ကနေ ထွက်သွားခိုင်းလိုက်ပါတယ်။ မဟုတ်ရင် လူံခြုံရေးတွေနဲ့ ဆွဲထုတ်ခိုင်းမယ် ထပ်ပြောလိုက်တယ် ညီမ ''

'' ညီမက တခါလောက်ပဲ တောင်းပန်ချင်တာပါရှင်။ ကိုနေ ညီမကို အထင်လွဲနေတာလေး ရှိလို့ပါ ''

မသီတာ သူ့ရှေ့က စန္ဒီမိုးမြင့်ကို ကြည့်ပြီး အတုအယောင် မိန်းမဆိုတာ သူ (မ)  သိလေတော့ စကားတွေ ထပ်အကုန်မခံချင်တော့။ company ရှေ့မှာ လာလာစောင့်နေတာ တပတ်ပြည့်တော့မည်။ အတွင်းရေးမှူးတယောက် ဖြစ်တဲ့သူ (မ)  က လူကဲခတ် ညံ့သူတယောက်တော့ မဟုတ်။ မတတ်သာလို့ ပါးစပ်ကတောင်းပန်စကားပြောနေတဲ့ စန္ဒီမိုးမြင့်ကို ..မသီတာ မနှစ်သက်ပါ။

'' Boss က ဒေါသကြီးတယ် ၊ပြတ်သားတယ်။ ညီမ... ဇွတ်အတင်း ပြုမူနေရင် ရဲစခန်းပါ ပါလာလိမ့်မယ်။ ညီမကို မိန်းမချင်း ကိုယ်ချင်းစာ လို့.. အစ်မ ငါးသိန်း ပေးလိုက်မယ်။ အေးအေးဆေးဆေး ပြန်လိုက်ပါ ညီမ။ ''

ကိုနေ့ အတွင်းရေးမှူးမ ကမ်းပေးလာသော ငါးသိန်းကို စန္ဒီမိုးမြင့် လက်သီးကျစ်ကျစ်ဆုပ်ကာ အမြန်ယူလိုက်ပြီး company ရှေ့မှ လှည့်ပြန်လာခဲ့သည်။ ဟက်...သူမကို သူတောင်းစား လို သဘောထားပြီး ပေးလိုက်တဲ့ ပိုက်ဆံမို့ ကျေးဇူး တော့ တင်လိမ့်မယ် မထင်နဲ့။ အကုန်လုံး အဆင်ပြေသွားတဲ့နေ့ကြရင်.... ကိုနေရော ၊အတွင်းရေးမှူးမပါမချန် အားလုံးကို သူမခြေထောက်အောက် နင်းချေပြမယ်.. အဟင်း။

💙 အပြာရောင် ချစ်ခြင်းသံစဥ် 💙  ( completed) Where stories live. Discover now