Part 16

8.2K 544 36
                                    

Daddy နဲ့ မင်္ဂလာဦး လိုက်ပြီးကထဲက ကဲကဲလေးနဲ့ Daddy အချစ်တွေက ပိုရင်းနှီးပြီး နွေးထွေးသွားသည်ဟု ကဲကဲလေး ထင်မိသည်။ ချစ်သူဘဝကထက် ကိုပျော်ရွှင်ရသော အချိန်တွေကို ပိုင်ဆိုင်လာရသည်။ နှစ်ယောက်အတူ ရေချိုးတာမျိုးပေါ့။ ​ရေချိုးခန်းထဲလဲ Daddy နဲ့ ရေပက်တိုင်း ကစားရသည်မှာ ပျော်စရာ။ အဝတ်မပါပဲ နှစ်ယောက် အတူ ခန္ဓာကိုယ် ချင်း ရင်းနှီးမှုက ဘာနဲ့မှမတူ။ ရေစက်လက် တွဲခိုနေတဲ့ Daddyရဲ့ မိမိုက်နေတဲ့ body ကို ဖက်တွယ်ရင်း လိုက်ရတာ ရင်ခုန်ဖို့ အရမ်းကောင်းလွန်းသည်။ သားပိုက်ကောင်လေးလို Daddy သွားရာနောက် အချီခံရတဲ့ ကဲကဲတယောက် ပျော်ရွှင်မှုတွေက တိမ်တွေပေါ်ထိ ရောက်နေလျှက်။

'' baby. ....ဆောင်းဝင်နေပြီ။ မနက်ပိုင်း အေးတယ်။ အနွေးထည် ထပ်ဝတ်ရမယ်နော်  ''

'' ဟုတ် Daddy ''

ပါးပါးနဲ့ အတူ ခုမနက် ဆိုင်ကို လိုက်သွားမည်မို့ ကဲကဲလေး ဂျင်းဘောင်းဘီ အဖြူလေးနဲ့ တီရှပ်ပန်းရောင်လေးကို ဝတ်နေတုန်း Daddy ကမ်းပေးလာသော Hoodie ပန်းရောင် ခေါင်းစွတ်လေးအား ယူကာ ထပ်ဝတ်လိုက်သည်။

'' ဟိုကျ....စျေးထဲမှာ မုန့်တွေ အများကြီး မစားရဘူးနော် ကောင်လေး။ ကိုယ် Daddy ဆိုင် ခနဝင်ပြီးရင် လာခေါ်မှာ ''

'' အွန်းပါ Daddy ရဲ့...ကဲကဲလေးက လိမ္မာပြီးသားပါနော် ''

အပြင်ထွက်ရမည်ဆိုတော့ တတ်ကြွလွနိးနေသော ကောင်းလေး။ ပန်းရောင် အနွေးလုံးလေးက သူ့ကို ကြည့်မိတိုင်း ရင်ကို နွေးထွေးမှု အမြဲပေး၏။ ခန်းစီးစ တဖက်ကနေ ကျရောက်နေတဲ့ နေရောင်နုနုက မျက်နှာသေးသေးလေးပေါ်  ဖျာကျနေပြီး တောက်ပတဲ့မျက်ဝန်းလေးတွေနဲ့ ပါးချိုင့်ချိုချိုလေးအား ပိုမို လှပအောင် ​ကူညီပေးနေသောအခါ ။

မနက်စာ စားပြီးတော့ ကဲကဲလေး ပါးပါးဆိုင်ကယ်နောက်ကနေ ထိုင်ကာ စျေးနားက ရွှေဆိုင်ဆီ လိုက်လာခဲ့သည်။ သူတို့နောက်ကနေ ဖေဖေနဲ့ Daddy တို့ ကားလေးက အရှိန်ဖြေးဖြေးမှန်မှန်နဲ့ ကပ်လိုက်လာ၏။ လမ်းတလျှောက် တနှစ်နဲ့တနှစ် ပြောင်းလဲလာသော မြို့အလှတရားတွေကို ချီးကျူးကာ သိချင်သည်များအား ပါးပါးအား ကဲကဲလေး အော်မေးရင်း လိုက်ပါလာခြင်းသာ။ ပါးပါးကလဲ စိတ်ရှည်ရှည်နဲ့ ပြန်ဖြေပေးလေ၏။

💙 အပြာရောင် ချစ်ခြင်းသံစဥ် 💙  ( completed) Where stories live. Discover now