Part 9

8.8K 592 135
                                    

'' ကိုကြီး....ဖြိုးကို ကို ဧည့်ခန်း ထားလိုက်အုံး...ကဲကဲလေး စတော်ဘယ်ရီ ဖျော်ရည် သွားယူလိုက်အုံးမယ် ''

သူ့အား ကိုစေနဲ့ ထားခဲ့ကာ ဖင်စီဖူးခါပြီး ထွက်သွားသော ကဲကဲကြောင့် ဖြိုးကို စိတ်ထဲကနေ မေတ္တာ ပို့လိုက်၏။ ကိုစေ့ အား လွမ်းကာ တွေ့ချင်သည်ကြောင့် အောင်သွယ်တော် ကဲကဲရဲ့ စကားအတိုင်း ခုနေ့ ဖြိုးကို အိမ်လည်လာခဲ့ခြင်းသာ။ ခုတော့ ဧည့်ခန်းထဲ ကိုစေနဲ့သူ နှစ်ယောက်ထဲ ရှိသည့် အခြေနေမို​့ သူ့ရင်တွေ အဆမတန် အခုန်မြန်နေသည်။

'' ဖြိုးကို နေကောင်းသွားပီလား...သက်သာရဲ့လား ''

'' နေကောင်းသွားပါပီ ကိုစေ...ဟို သက်သာပါတယ် ''

သူတို့အမြွှာတွေထက် လေးလလောက် ငယ်သော သူ့ရှေ့က ငတုံးလေးက သူ့အား ကိုစေလို့ ခေါ်လေ့ရှိသည်။ ချိန်းခြောက်မထားပါပဲ ကြောက်နေသော ငတုံးလေးက သူ့အား ချစ်လဲ ချစ်နေသေးသည်။

'' ကိုယ်ကလေ... မင်းမျက်လုံးထဲ ကြောက်ဖို့ ကောင်းနေတယ် လား ''

'' အွန်....ဟုတ်...ဟုတ်ပါဘူးရယ်..ဟီး..ကိုစေက ကြောက်ဖို့ကောင်းပါဘူး....''

'' ကိုယ့်ဖုန်းထဲ မင်း ဖုန်းနံပါတ် ထည့်မပေးချင်ဘူးလား ''

'' အွန်......''

ဖြိုးကို ရှေ့အား ဖုန်းကမ်းပေးလာသော ကိုစေကြောင့် ဖြိုးကို မျက်လုံးလေး ပြူးသွားကာ တုန်ရီနေသော လက်လေးနဲ့ ဖုန်းလေးအား လှမ်းယူလိုက်ပြီး သူ့နံပါတ် လေးအား contact name ထဲ ရိုက်ထည့်ပြီး ပြန်ပေးလိုက်သည်။ ဆယ်တန်းပြီးသာသွားတာ ကဲကဲနဲ့ ဖြိုးကိုသာ ဖုန်းအဆက်သွယ်ရှိသည်။ ကိုစေနဲ့ ကိုအဲ ဖုန်းနံပါတ် တော့..သူ့ဆီတွင် မရှိ။ ဒါကြောင့် ခု သူ့ရင်တွေ အရမ်းခုန်နေပြီး လက်တွေတုန်နေခြင်းသာ ။ ရှေ့က ကိုစေ ကိုကြည့်လိုက်တော့ ဖုန်းနှိပ်ပြီး စာတချို့ရိုက်ကာ နှုတ်ခမ်းဖျားလေး တွန့်သွားသည်အထိ ပြုံးနေတာကို မြင်လိုက်ရ၏။ သူ့ crush ကြီး ပြုံးတာက ခပ်ရှားရှားရယ်။ အမလေးး...ကဗျာဆန်လိုက်ချက်ကွာ ။

ဖြိုးကိုလို့ မှတ်ပေးထားသည်ကို ဖျက်ပြီး ငတုံးလေး ဆိုပြီး သူ ပြင်ရေးလိုက်သည်။ နာမည်လေးကြောင့် သူ့နှုတ်ခမ်းပါးတို့ ပြုံးရ်ိပ်ထင်သွား၏။

💙 အပြာရောင် ချစ်ခြင်းသံစဥ် 💙  ( completed) Where stories live. Discover now