Part 19

7.5K 484 36
                                    

ရွာလေးကနေ နယ်မြို့လေး​ဖြစ်လာသည်မှာ မကြာသေးတာမို့ ကိုအဲ တာဝန်ကျရာ မြို့လေးက အေးချမ်းသာယာလှသည်။ ဆေးရုံမှာလဲ ဆရာဝန်က သူတယောက်ထဲသာ ရှိပြီး nurse ဆရာမလေး သုံးယောက်နဲ့ ဆေးရုံသန့်ရှင်းရေး ဦးလေးကြီးသာ ရှိသည်။ မြစ်ကမ်းနံဘေးက မြို့လေးဖြစ်တာကြောင့် ညနေဘက်တိုင်း မြစ်ကမ်းနဖူးက သရက်ပင်ကြီးအောက်က ခုံတန်းလေးတွင် သွားထိုင်ကာ လေနုအေးတို့အား တဝကြီးခံစား နေတတ်တယ ကိုအဲ အကျင့်လို ဖြစ်နေပြီ။

ဒီမြ်ု့လေး ရောက်တာ ငါးလပြည့်သွားသည်တွင် ထူခြားတာတခု တိုးလာတာကတော့ ကိုအဲမှာ ချစ်ရသူ လူထူးဆန်းလေး လွင်ပြင်ငယ်လေးနဲ့ ချစ်သူဖြစ်နေသည်မှာ သုံးလပြည့်တော့မည်။

သူတို့နှစ်ယောက် စတွေ့ဆုံခဲ့တာက.... ငယ်တို့ အိမ်နားက အဘွားတယောက် သွေးတိုးကာ လေငန်းဖြတ်ချင်သလို ဖြစ်နေသည်ကြောင့် ဆေးရုံလာပို့သော ငယ်နဲ့ ကိုအဲ စတင်တွေ့ဆုံခဲ့ခြင်း။ အဘွားအား လိုအပ်သည့်ဆေးတွေ ထိုးပေးပြီး ဆေးချိတ်ပေးလိုက်ကာ ကိုအဲ  toilet ဝင်ရန်လုပ်တော့ ငယ်က ပြေးလာကာ...

'' ဆရာ...ဆရာ့ကို ကျွန်တော် တခုပြောချင်တယ်။ ဟိုလေ...''

အသားည်ိညိုလေးနဲ့ အငယ်ကောင့်အရပ်လောက်ပဲ ရှိသော ကောင်လေးက ကိုအဲအား ပြောရခက်နေပုံမို့....

'' ပြောလို့ရပါတယ်.... ညီလေး ''

'' မီးး..မီးသီးတွေ အောက်က ဖြတ်သွားရင် ကြည့်သွားပါ ဆရာ ''

ထိုစကားလေး ပြောပြီးသည်နှင့် ပြေးထွက်သွားသော ငယ်ကြောင့် အဲ့တုန်းက ကိုအဲမှာ ကြောင်တောင်တောင် ဖြစ်ကျန်ခဲ့ပြီး အမှုမဲ့အမှတ်မဲ့ထားကာ toilet ဝင်လိုက်ပြီး လူနာကြည့်ရမည်တို့အား ကြည့်ကာ အလုပ်ထဲ အာရုံရောက်ပြီး ထိုကောင်လေး ပြောသည်တို့အား မေ့သွားတော့သည်။ နောက်နေ့မနက်  လူနာ ကြည့်ချိန်နီးလာလို့ ဆေးရုံနောက်က အဆောင်ကနေ ဆေးရုံထဲ ကူးလိုက်တော့ လေတွေကလဲ အတိုက်ကြမ်းသည်နှင့်တိုးကာ ဆေးရုံလျှောက်လမ်းတွင် ထွန်းထားသော မီးလုံးတလုံးက လှုပ်ခါသွားပြီး ကိုအဲနား ကျကွဲသွားတော့သည်။ ကိုအဲ အရှေ့နဲနဲ ခြေလှမ်းလေး ကျော်သွားလို့သာ ။မဟုတ်ရင်   သူ့ခေါင်းပေါ် ကျကွဲမည်မှာ မလွဲ။ သူ ခုလို ကြုံလိုက်ရတော့ မနေ့က သူ့အား လာပြောသည့် ကောင်လေးအား တွေ့ချင်သွားကာ မနေ့က အဘွားဆီ ေရာက်တော့ ထိုကောင်လေးအားမတွေ့။ အဘွားအား မေးကြည့်တော့... ကောင်လေးနာမည်က လွင်ပြင်ငယ်။ မိဘတွေက မြစ်ထဲ ငါးဖမ်းထွက်ရင်း ဝဲကြီးထဲ ကျသွားလို့ သူ့ဦးလေးအိမ်မှာ ကပ်နေရသည်တဲ့။ သိတတ်စအရွယ်ထဲက ကောင်လေးက လူတယောက် ရှေ့ကြုံရမဲ့ အန္တာရယ် တွေကို တွေ့မြင်ရတတ်တာမို့ အဲ့လူတွေကို လိုက်သတိပေးတတ်သည်တဲ့။ ဒါပင်မဲ့ သူသတိပေးတာကို လူတိုင်းက ကျိန်စာတိုက်သည်ဟု ထင်ကာ  သူ့ဦးလေး မိသားစုကအစ ကောင်လေးကို မကြည်ကြဘူးဟု ပြောပြလာတော့ ကိုအဲမှာစိတ်မကောင်းတော့။

💙 အပြာရောင် ချစ်ခြင်းသံစဥ် 💙  ( completed) Where stories live. Discover now