Part 13

8.5K 570 85
                                    

'' ဖေ ဖေ့.... အီး... ဆီတွေ ကဲကဲကို မှန်နေပြီ ''

'' သားငယ်က လန့်ပြီး အဝေးကနေ လွှတ်ချနေတာကိုး ၊ ခြစ်တော့မှာပဲ ၊ ဖေကြီး ကြော်ပေးမယ်... ထိုင်နေတော့ သားကဲ ''

ခုည... Daddy ပြန်လာရင် ညစာကို ကြက်ကြော် ကြော်ကျွေးဖို့  ကဲကဲလေး ကြိုးစားကြော်ချင်ပင်မဲ့ ​ခုတော့ ဆီပူတွေ ထမှန်သည်မို့ သူ့လက်လေးတွေမှာ ဆီပူရာ အနီစက်လေးတွေ မှန်နေပြီ။ Daddy အတွတ်ရယ် မဟုတ်ပါဘူး ။ဖေကြီးနဲ့ ကိုကြီးတို့၊ ဘွားဘွားတို့အတွတ်လဲ ကဲကဲလေးက ကြော်ကျွေးမလို့ပါ။ ဟွန့်.... ခုတော့ ဖေဖေသာ ဆက်ကြော်နေ ရသည်။

ညနေ ကဲကဲလေး ရေချိုးပြီးတော့ ပန်းရောင် ကာတွန်း ဝမ်းဆက်လေး ဝတ်ပြီး Daddy အိမ်ဘက် ကူးလာခဲ့သည်။ မနေ့က အဖြစ်အပျက်ကြောင့်
Daddy အချစ်တွေကို ကဲကဲလေး ပိုသိမြင်ခံစားလာရပြီး ပြန်တွေးတိုင်း Daddy အချစ်တွေကို ပိုမြင်လာလေ ဖြစ်သည်။ ကဲကဲလေး ရောက်ပြီး သိပ်မကြာမီ Daddy ပြန်ရောက်လာသည်မို့ ကဲကဲလေးမှာ ဧည့်ခနိးထဲ သန့်ရှင်းရေး လုပ်လို့မပြီးသေး ။

'' ဖေဖေ့....လန်လိုက်တာ Daddy ရယ်...ခစ်..ခစ် ''

ကိုနေ ဧည့်ခနိးထဲက ပန်းရောင်ကောင်လေးကို ပွေ့ချီလိုက်တော့ ကောင်လေးက လန့်သွားလေရဲ့။ ခင်ဗျားတို့ သိကြလား ။ ကိုယ်မြတ်နိုးတဲ့အရာကို တန်ဖိုးထား ချစ်မြတ်နိုးလွန်းပင်မဲ့ ဆုံးရှုံးရတော့မလို ခံစားလိုက်ရရင် ပိုတိုးလို့ ချစ်မြတ်နိုးမိတယ်ဆိုတာ သိပ်မှန်တယ်။

'' အား... မွှေးလိုက်တာကွာ baby က... အမောကို ပြေသွားတာပဲ ''

'' ခစ်..ခစ်..တကယ်လား Daddy ''

'' တကယ်ပေါ့ baby ရယ်... ပိုအမောပြေအောင် ထပ်နမ်းအုံးမှ... ''

'' ခစ်..ခစ်..ယားတယ် Daddy.... လုပ်နဲ့ တော့..ဟီးဟီး ''

ကိုနေ ...ကောင်လေးရဲ့ မျက်နှာနုနုလေးကို နှာခေါင်းချွန်တွေ နစ်ဝင်သည်အထိ နမ်းနေရာမှ သူ့ နှုတ်ခမ်းမွေး ငုတ်တိုတွေနဲ့ ပွတ်တိုက်တော့ တခစ်ခစ်ရယ်လာသော ကောင်လေး ။အသံလေးကအစ ဆည်းလည်းသံလေးလို သာယာလွန်းတဲ့ သူရဲ့ ပန်ရောင်အနွေးလုံးလေ။ တနေ့ထက်တနေ့ ပိုပိုချစ်နေရတာ...အချစ်တွေ လျော့သွားသည်ဆိုတာ မရှိ။

💙 အပြာရောင် ချစ်ခြင်းသံစဥ် 💙  ( completed) Where stories live. Discover now