Part 3

9.9K 716 131
                                    

  ကျောင်းစဖွင့်ကာစနေ့မို့ ကဲကဲတို့ ပဥ္စမတန်းလေးမှာ ကျောင်းသားကျောင်းသူအသံတွေ ဆူညံနေ၏။ ခွဲခွာနေရသော သူငယ်ချင်းတွေမို့ စကားပြောစရာတွေ အများကြီး ရှိနေကြသည်။ ကဲကဲတို့ ကျောင်းယူနီဖောင်းလေးက အင်င်္ကျီစပို့ရှပ်အဖြူကို ကော်လံနီညိုရောင် နှင့် စတိုင်ပင် နီညိုရောင် ဘောင်းဘီရှည်ကို တွဲဝတ်ရသည်။ ကိုကြီးနဲ့ ကိုအဲရယ် ၊ သူရယ် ၊ နေရာဦးထားရန် ပြောသော  ဖြိုးကိုကို အတွတ် သူ ဦးထားလိုက်သည်။ တခုံကို ကျောင်းသားလေးယောက် ထိုင်ရသည် မို့ ကဲကဲလေးတို့ခုံ လူပြည့်သွားပေပြီ။

ဆယ်မိနစ်လောက်အကြာတွင် ကျောပိုးအိတ်လွယ်ကာ ထမင်းချိုင့်နဲ့ ရေဘူး တဖက်ဆီသယ်ပြီး ဖြိုးကို ရောက်လာ၏။ ကိုအဲက ကိုကြီးနဲ့ ကဲကဲလေးအကြား ထိုင်ပြီး ကဲကဲအနားအစွန်တွင် ဖြိုးကို ထိုင်၏ ။

'' ကဲကဲ...ငါ ကျောင်းလာရင်း အစ်မကြီးတွေ ပြောနေတာ ကြားလာခဲ့တယ်။ မင်းတို့နဲ့ ကျောင်းအတူလာတဲ့ အစ်ကိုကြီးက ကပြားလေးဆို ။ မျက်လုံးပြာပြာလေးနဲ့ အရပ်ကလဲ အရှည်ကြီးတဲ့။ ငါ တောင် မြင်ဖူးချင်လာပီ ...''

ဖြိုးကိုရဲ့ စကားကြောင့် ကဲကဲလေး ရင်ကိုကော့လိုက်ပြီး မာန်ပါပါနဲ့ ပြန်ပြောလိုက်၏။

'' အဲ့ဒါ... ငါ့ကိုကိုလေ! !''

'' ဟေ..အဲ့ဆို မင်းပြောနေကျ မင်းရဲ့အပိုင် ကိုကိုဆိုတဲ့ သူလား ''

'' ဟုတ်ပါတယ် ဆို.... ''

'' မင်း ကိုကိုက တကယ်ကြီး ချောပြီး မိမိုက်နေမှာပေါ့နော်..ငါလဲ မြင်ဖူးချင်တယ်... မိတ်ဆက်ပေး ကဲကဲ ''

'' နေ့လည် ကျောင်းဆင်းရင် ကိုကို ငါ့ကို လာခေါ်မှာ..အဲ့ကျ မိတ်ဆက်ပေးမယ် ''

ဝမ်ဝမ်းနဲ့အဲအဲမှာတော့ ဂုဏ်ဆာတဲ့ရုပ်လေးနဲ့ ရင်ကော့ပြီး ကိုနေအကြောင်း ကြွားနေတဲ့ ကဲကဲလေးနဲ့ သူပြောသမျှ သဘောကျစွာ နားထောင်နေသော ငဒူဖြိုးကို အား ကြည့်ပြီး သက်ပြင်းချမိ၏။ ကဲကဲတို့ အတွဲမိတာကလဲ သူပြောသမျှ အဟုတ်ထင်နေသော အူတူတူ ဖြိုးကိုနဲ့လေ။ နှစ်ယောက်သားက လိုက်လဲ လိုက်ပါပေသည်။

တကယ်က ကိုကိုနဲ့ နေ့ခင်းထမင်း အတူစားချင်သည်ဟု ညကထဲက သူချွဲပြီး ပြောလိုက်သည်ကြောင့် ကိုကိုက ခေါင်းညိမ့်ချင်းဖြစ်သည်။ အရင်ကတော့ ကိုကြီးတို့နဲ့ ထမင်းစားဆောင်မှာ အတူတူ စားသော်လည်း ကိုကိုရောက်လာပြီမို​့ သူ့အပိုင်ကိုကိုနဲ့ အတူတူစားမှာပေါ့။ ဒါကြောင့် ဖေဖေ့အား ကိုကိုနဲ့အတူ ထမင်းချိုင့်တွေကို ခြင်းတခုထဲ ပေါင်းထည့်ပေးဖို့ ကဲကဲလေး ပူဆာလိုက်လေ၏။

💙 အပြာရောင် ချစ်ခြင်းသံစဥ် 💙  ( completed) Where stories live. Discover now