Part 5

9.6K 706 90
                                    

'' ကိုကို.....''

'' စာကျက်လို့ ပြီးပြီလား.... ''

'' ပြီးပြီ  ကိုကို...''

'' ပြန်တော့မှာလား....''

'' ဟင့်အင်း...ကိုကို ဂီတာတီးပြီး သီချင်းဆိုပြပါအုံး ကဲကဲလေးကို... ''

ပန်းရောင်တီရှပ်လက်ရှည်လေးနဲ့ ညဝတ်ကားတွန်း ပန်းရောင် ဘောင်းဘီလေး ဝတ်ထားသော ကောင်လေးက ညတိုင်းနီးပါး သူ့အိမ်တွင် စာလာလုပ်လေ့ရှိ၏။ တက္ကသိုလ်ဝင် စာမေးပွဲ နီးလာပြီမို့ အရင်ကထက် စာကျက်ချိန် တိုးကျက်လာသည်။ အန်ကယ် Time တို့က သူတို့ညီအစ်ကိုသုံးယောက်အတွတ် ဆရာတွေ အိမ်ခေါ်သင်သည်။ private ကျောင်းကို မလွှတ်တော့။ စာဖြေမှသာ သွားဖြေခိုင်းမည်ထင်။ ကိုနေ့တုန်းကလဲ ထိုသို့ ဖြေခဲ့သည်။ ဒါကြောင့် ပန်းရောင်ကောင်လေးက အရင်ကထက် စာကျက်ချိန် ပိုရလာပြီး ကိုနေ့အိမ်မှာ ​နေကာ  ညအိပ်ချိန်လောက်လေးသာ သူ့အိမ်ကို ပြန်တော့သည်။ ပန်းရောင် ကြိုက်တတ်သော ကောင်လေးကြောင့် ကိုနေ့အိမ်မှာလဲ ကောင်လေးအတွတ် ပန်းရောင်အသုံးအဆောင်တွေ ထပ်ထည့်ပေးထားသည်မို့  လူကြီးဆန်သော အရောင်တွေနဲ့ ကလေးဆန်သော အရောင်လေးက တွဲဖက်ညီ တည်ရှိနေ၏။

ဧည့်ခန်းထဲမှာ ကိုနေက laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေပြီး ပန်းရောင်ကောင်လေးက စာကြည့်စားပွဲပုလေးပေါ်မှာ တကုတ်ကုတ်နဲ့ စာလုပ်လေ့ရှိသည်။ စာပြီးသွားတော့ သူ့အား သီချင်း ဆ်ိုပြဖို့ ပူဆာနေသော ကောင်လေးကြောင့် ဆံသားညိုညိုလေးတွေအုပ်နေသော ခေါင်းသေးသေးလေးကို တချက်ပုတ်ကာ စာကြည့်ခန်းထဲ ထည့်ထားသော ဂီတာလေးကို သူ သွားယူလိုက်သည်။

ကဲကဲခေါင်းလေးအား ညှင်ညှင်သာသာလေး ပုတ်သွားသော ကိုကိုကြောင့် ကဲကဲလေးတို့ အပြုံးတွေ ဝေဝေဆာဆာ ပွင့်လန်းသွားတာပေါ့။ ဟီး...ကိုကိုက ကဲကဲလေးကို ချစ်တယ်ဆိုတာ ထုတ်မပြောသေးလဲ ကဲကဲလေး သိပါသည်။ ကိုကိုက အိမ်သော့တချောင်း ကဲကဲလေးကို ပေးထားသည်မို့ ကဲကဲလေး အားတိုင်း ဒီအိမ်ကြီးဆီ လာဖြစ်၏ ။ သူ့ စိတ်တိုင်းကျ အပေါ်ထပ်သို့ တတ်သော ကနုတ်တွေနဲ့ အလှဖော်ထားသည့် လှေကားနံရံတွေထက် သူနဲ့ ကိုကို့ပုံတွေ ကို ပန်းရောင်ကိုမှ ပုံစံအမျိုးမျိုး ဓာတ်ပုံဘောင်လေးတွေနဲ့ အလှဆင်ပြီး ချိတ်ဆွဲထားသည်။ ကိုကို့ ဖေဖေနဲ့ပါးပါးပုံကိုလဲ  ဧည့်ခန်းထဲက နံရံမြင့်မြင့်မှာ ဓာတ်ပုံအကြီးကြီးနဲ့ ကဲကဲလေး ချိတ်ဆွဲထားသည်။ သူက အကြံပေးတာ... ချိတ်တာကတော့ ကိုကိုပေါ့...ဟီး။ ဒီအိမ်လေးက ကိုကိုနဲ့သူ့ရဲ့ အချစ်ရိပ်မြုံလေးလို့ ကဲကဲ တွေးမြင်မိသည်အထိ ခံစားချက်တွေ ပေးစွမ်းလေသည်။

💙 အပြာရောင် ချစ်ခြင်းသံစဥ် 💙  ( completed) Where stories live. Discover now