အပိုင်း ၂

841 116 3
                                    

အပိုင်း ၂။   ။အလုပ်သွားမယ်

//雌君 စစ်ကျွင်း = ဧကရီ//
//雌侍 စစ်ရှီ = (အမ)ကိုယ်လုပ်တော်//
//雄父 ရှုန်းဖူ = (အထီး)အဖေ//
//雌父 စစ်ဖူ = (အမ)အဖေ//

ဒီအမှန်တရားကို လက်မခံနိုင်တာမျိုးတော့မဟုတ်ပေမယ့် တစ်စုံတစ်ယောက်က မင်းအနှစ်သုံးဆယ်လောက် နေခဲ့တဲ့ကမ္ဘာကြီးက မရှိတော့ဘူးလို့ပြောလာခဲ့ရင် ဘယ်သူမဆို စိတ်တော့ရှုပ်ထွေးမိမှာပဲလေ။ ဟွမ်ရှု တစ်ညလုံးနီးပါး ခံစားချက်ကိုထိန်းညှိရင်းနဲ့ ကုန်ဆုံးခဲ့သည်။ မိုးသောက်တဲ့ထိနေပြီးနောက်မှာတော့ အရာအာလုံးကို လက်ခံနိုင်လိုက်သည်။

နည်းနည်းတော့ အကျင့်မကောင်းပေမယ့် သူတော့မူလကိုယ်က သူ့ဘဝသူလက်လျှော့လိုက်တာကို ဝမ်းသာမိ၏။ တည်တည်ငြိမ်ငြိမ်ဘဝလေးထပ်ရလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့‌‌ပါချေ။ ဤကိုယ်၏အတိတ်ကို လက်ခံရရှိပြီးကောင်းမွန်တဲ့ဘဝလေးနှင့် နေထိုင်နိုင်သည်ကို သူတကယ်ပျော်ရပါသည်။

နေက ပြတင်းအပြင်ကနေ မြင့်တက်လာပြီး တစ်ညလုံးအလုပ်ပေးထားတဲ့ ဟွမ်ရှုရဲ့ဦးနှောက်သည်လည်း နွမ်းနယ်စပြုလာလေပြီ။ ကံမကောင်းစွာနှင့်ပင် သူ့တွင် နေ့ခင်းလေးအိပ်ဖို့ရာ မဖြစ်နိုင်ရှာပါဘူး။ အကြောင်းကတော့ သူ၏မှတ်ဉာဏ်တွေကသတိပေးနေတယ်၊ ယနေ့အလုပ်ရှိတယ်၊ ယနေ့အလုပ်တတ်ရက်ဖြစ်လေသည်။

ပြောရမယ်ဆိုလျှင် တစ်စုံယောက်က သူတို့ကူးပြောင်းလာသည့် ပထမဆုံးနေ့မှာ အိတ်ကလေးလွယ်ပြီး အလုပ်တတ်ရမယ်?

တော်သေးလို့ သူ့ဝမ်းကွဲတွေအကုန်လုံးက နေဖင်ထိုးမှ ထကြလို့ပဲ။ မနက်ခင်းလေးမှာ ဟွမ်ရှုမှာ တိတ်ဆိတ်တဲ့မနက်စာစားဝိုင်းလေး တစ်ခုရှိသည်။ ဘေးအနွယ်အိမ်တော်မှာ မနက်စာတစ်ယောက်ထဲစားနေချိန် သူ့အနားတစ်ဝိုက်က ဇာ့ဂ်အစေခံတွေကို စူးစမ်းမိသည်။ ဤဇာ့ဂ်များက သူ့ကိုကြောက်ရွံ့ရိုသေတာမျိုး မရှိကြပေမယ့်လည်း လေးစားသမှုတော့ ရှိနေကြတုန်းဆိုတာ သးသတိထားမိသည်။ တကယ်တမ်းတော့လည်း သူ့မျိုးရိုးအမည်ကဟွမ်ဖြစ်ပြီး ဒီအိမ်တော်ရဲ့မိသားစုဝင်၊ အဖိုးထိုက်တန်တဲ့ ဇာ့ဂ်အထီးတစ်ယောက်ဖြစ်သည်လေ။ ဟွမ်ရှု မူလကိုယ်က တော်တော်လေးနုံအသည်ဟု ခံစားရသည်။ သူကအမြဲတမ်း သူ့ကိုယ်သူနဲ့ သူ့ဝမ်းကွဲတွေကိုယှဉ်ပြီး သူ၏ကံဆိုးမှုကိုပဲ တစိမ့်စိမ်တွေးနေသည်လေ။ ဘာပဲဖြစ်ဖြစ် ဟွမ်ရှုလိုဆုံးရှုံးစရာမရှိလူကျတော့ ဒီလိုအပြုအမူမျိူးကဘာမျှမကျေနပ်စရာမရှိပါချေ။

Home of the ZergWhere stories live. Discover now