အပိုင်း ၁၄🚙

786 70 0
                                    

အပိုင်း ၁၄။  ။Dominating During S**

ဇာ့ဂ်အမတွေက အမြဲတမ်း ဆက်ဆံချိန်အတွင်းမှာလွှမ်းမိုးသူဖြစ်ခဲ့၏။ သူတို့က ဦးဆောင်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပင်ကိုအနေအထားက အသုံးတော်ခံရန် 'ဆွဲဆောင်မှု'မရှိ‌တာကြောင့် ဇာ့ဂ်အထီးတစ်ယောက်၏ လိုအင်ဆန္ဒတက်ကြွလာဖို့ နည်းလမ်းအမျိုးမျိးဖြင့် တောင်းခံကြသည်။ နေသားကျနေတဲ့ ဇာ့ဂ်အထီးအများစုက အချိန်ကုန်သက်သာ အိပ်ရာထဲအားကုန်သက်သာသဖြင့် ကျေနပ်ကြသည်။ အရင်အဆင်သင့်လုပ်ထားနှင့်ကာ တုံးလုံးစောင့်ဆိုင်းရင်း ဇာ့ဂ်အထီးကို အဝတ်လဲဖို့ကူပေးရတာ၊ ဇာ့ဂ်အထီးအမြန် မာလာအောင် သူတို့ပါးစပ်၊လက်ကိုသုံးပြီး လိင်စိတ်ဆန္ဒရရှိအောင်လုပ်ကြတာက ဇာ့ဂ်အမတွေရဲ့ ဖြစ်နေကျအလေ့အထဖြစ်လေ၏။

ဟွမ်ရှု သူနှင့်အတူ လိုက်ထနေသည့်ရှီယန်ကို တား၍ "မင်းလှဲနေလိုက်"

"ဒါ…" ရှီယန် ထိုအတွေးအခေါ်မှနေ မထွက်နိုင်သေးပေ။ ဒီည ဟွမ်ရှုအတွက် ဘာမှမလုပ်ပေးရသေးဘူးလို့ ခံစားရတာကြောင့် သူဒီလို လှဲနေရမှာ မနေတတ်‌ပါချေ။

ဟွမ်ရှု ခဏလောက်စဉ်းစားပြီး အပြုံးဖြင့်ပြောသည် "ကိုယ် မင်းကို တစ်ခုခုပေးစရာရှိတယ်"

"ဘာလဲဟင်?" ရှီယန်ဆီတွင် အပြုသဘောဆောက်သည့် သဘောထားရှိလေသည်။

ရှီယန် လည်အဟိုက်က အပေါ်ကြယ်သီးနှစ်လုံးသာ ဟွမ်ရှုဖြုတ်လိုက်သည်။ ရုတ်တရတ်ပင် သူအနည်းငယ် ရယ်စရာကောင်းတာ တွေးမိသွား၏။ တစ်ဖက်လူ၏ ရှပ်အင်္ကျီကြယ်သီးအားလုံး ဖြုတ်ပစ်မယ့်အစား ရှပ်ကို အောက်ကနေ အပေါ်သို့လိပ်တင်ကာ အင်္ကျီစကို ရင်ဘတ်တစ်လျောက်ဆွဲရင်း "ကိုယ့်ကိုကူညီပါဦး"

ဟွမ်ရှုသူ့ကို အင်္ကျီစကိုင်ထားစေချင်ပေမယ့် ရှီယန်သူ့ရှပ်ကို အပေါ်ဆွဲတင်ကာ သူ့ရင်ဘတ်ကိုပြထား‌လိုက်လေသည်။ ရှက်ရွံ့မှုအားပြရမည့်အစား ရှီယန် ရိုးသားစွာဖြင့် ဟွမ်ရှုအားကြည့်နေ၏။ ဒီလိုလုပ်တာက သူ့ကို ပိုစိတ်အားထက်သန်စေမယ်ဆို သူဒီလိုလုပ်ဖို့ အရမ်းဆန္ဒရှိပါသည်လေ။

Home of the ZergWhere stories live. Discover now