အပိုင်း ၁၇

688 95 4
                                    

အပိုင်း ၁၇။ ။ရှီယန်ရဲ့ သူငယ်ချင်းများ

ရှီယန်သွားမေးကြည့်ပြီး သိလိုက်တာက သူ့သူငယ်ချင်းက ပြန်လာပြီးရက်အနည်းကြာရင် ပြန်ထွက်ရမှာ၊ ဆိုတော့ သူအမြန်ပဲ တွေ့ဆုံကြဖို့လောလိုက်ရသည်။ တကယ်က တစ်ဖက်လူက လာလည်ချင်ပေမယ့် ရှီယန်ကအမြန်ပဲ နောက်အိမ်ထောင်ပြုလိုက်တာမို့ ဟွမ်ရှုမကြိုက်မှာစိုးနေတာ၊ ဒါ့ကြောင့် သူပဲဖိတ်လိုက်တာလေ။

အိမ်ပြန်ရောက်တော့ ဟွမ်ယဲ့ကြည့်ပြီး ရှီယန်ကိုမေးသည် "အဲ့တာဦးလေးလန်လား?"

"ဟုတ်တယ် သူလေ၊ သားမှတ်မိတယ်လား"

"အင်း" ဟွမ်ရှုပြောကာ ခေါင်းငြိတ်သည်။ "သူသားကို တော်တော်ဆိုးတဲ့သကြားလုံးတွေ ယူလာပေးတာလေ"

ရှီယန်ရယ်ချင်သွားသည်။ သူ့သူငယ်ချင်းက သူ့လိုပဲ ဘဝကိုမပျော်တတ်ဘူး၊ ကလေးချော့တာလည်း မတော်ဘူး။ ပထမဆုံးတွေ့တွေ့ချင်း သူဝယ်ပေးတဲ့လက်ဆောင်က ဟွမ်ယဲ့ကို နက်ရှိုင်းတဲ့ထင်မြင်ချက် ကျန်ရစ်စေခဲ့လေသည်။

"ဒါဆို ကျွန်တော်နောက်တစ်ယောက်ကိုပါ ဖိတ်လိုက်ရမလား နှစ်ခါခွဲဧည့်ခံရမလား..."

"မင်းသဘောကျပဲလေ" ထပ်မမေးဘဲ ဟွမ်ရှု ရိုးရိုးပဲ ဒီစကားဆိုလိုက်သည်။

ဟွမ်ရှု အရာအားလုံးကို စိတ်ပူနေတဲ့ရှီယန်ကို လွှဲထားလိုက်သည်။ ကလေးဘဝကတည်းက သူကမိဘမဲ့ဂေဟာမှာနေခဲ့ရတယ်။ စစ်တပ်ရုံးချုပ်သို့ဝင်ရောက်ပြီး အဆောင်မှာနေခဲ့ရတယ်။ အရင်အိမ်ထောင်မှာ နိုင်ငံခြားစတိုင် အိမ်တော်ကြီးမှာ ပူပန်တုန်လှုပ်မှုကြီးစွာ နေခဲ့ရတယ်။ ဒါက သူပထမဆုံးအကြိမ် 'အိမ်တော်သခင်'တစ်ယောက်အနေနဲ့ ဧည့်သည်တွေအား ဧည့်ခံရခြင်းပါပင်။

ရှီယန်က ပိတ်ရက်မအားလို့ အချိန်ညှိမရတာကြောင့် ကြားရက်မှာပဲ ဇာ့ဂ်နှစ်ယောက်ကို ညစာဖိတ်လိုက်ရ၏။ ကံကောင်းစွာ သူက လက်ထောက်နည်းပြနေရာရခါစမို့ အလုပ်သိပ်မရှုပ်ပါ။

သူ့ကျန်းမာရေးနှင့် နည်းပြလုပ်နိုင်ရဲ့လားနှင့် သူစစ်တပ်ထဲ နေဖို့လိုလားဆိုတာ ဟွမ်ရှုကပိုပူပန်နေလေသည်။ လက်ထပ်ပြီးသားဇာ့ဂ်တစ်ယောက်က စစ်တပ်ထဲမှာရှိရင်တောင် အိမ်နေ့တိုင်းပြန်လို့ရတယ်သိရတော့မှ ဟွမ်ရှုမှာစိတ်သက်သာရာရတော့သည်။ သူ့ဇနီးလေးကို တစ်ပတ်တစ်ခါ၊ တစ်လခွဲတစ်ခါလောက်မှ တွေ့ရတာမလိုချင်ပါပေ။

Home of the ZergWhere stories live. Discover now