အပိုင်း ၃

706 106 1
                                    

အပိုင်း ၃။ ။ထပ်မံတွေ့ဆုံမှု

//雄父 ရှုန်းဖူ = (အထီး)အဖေ//
//雌父 စစ်ဖူ = (အမ)အဖေ//
//雌侍 စစ်ရှီ = (အမ)ကိုယ်လုပ်တော်//

"မင်းမိဘတွေကို‌ စောင့်နေတာလား?" ဟွမ်ရှုမေးသည်။

ဇာ့ဂ်လေးကခေါင်းညိတ်၏။ "ကျွန်တော့် စစ်ဖူက ဒီနေ့နောက်ကျမယ်ပြောတယ်..."

"အခု မင်းငါနဲ့တွေ့နေပြီးပဲ၊ ငါကလဲဇာ့ဂ်ကောင်းတစ်ယောက်ဆိုတော့ မင်းနဲ့အတူ စစ်ဖူကို အတူထိုင်စောင့်ပေးမယ်လေ၊ခုနက အတန်းဖော်ထဲကတစ်ယောက်နဲ့ ထပ်တိုးနေဦးမယ်" ဟွမ်ရှု ဇာ့ဂ်လေးက နံရံထောင့်လေးမှာမလှုပ်မယှက် ထိုင်နေတာကြည့်ပြီး၊ အတင်းမတိုက်တွန်းတော့‌ချေ။ အဲ့အစား သူပါစောင့်ကြောင့်ထိုင်ချလိုက်သည်။ "မင်းနာမည်ပြောပြပါလား?"

ဇာ့ဂ်လေးက စိတ်လှုပ်ရှားနေပြီး၊ ထစ်ထစ်အအနှင့် "... ရှီ.... ယဲ့...."

"ရှီယဲ့၊ ညဆိုတဲ့စာလုံးလား? ဘာအဓိပ္ပာယ်လဲ?"

"ညမှာမွေးလို့.."

ဟွမ်ရှုခမျာဆွံ့အသွားသည် "ဒါက.." တကယ့်ကိုမမေ့တော့မယ့် နာမည်ပါပဲ။

ရှီယဲ့အမည်နဲ့ ဇာ့ဂ်လေးက အလင်းအောက်မှာ ဟွမ်ရှုကို သံသယနဲ့လှမ်းကြည့်သည်။ဟွမ်ရှုအရေပြားက သိသိသာသာ ဇာ့ဂ်လိုင်းတွေမရှိရင်တောင် ဇာ့ဂ်အထီးမှန်းသူသိပါ၏။ (ဇာ့ဂ်အထီးတွေက ခါဝါအီလေးတွေမို့လို့ mcကို အမကြီးလားဆိုပြီးလှမ်းရှိုးတာ အဲ့ကလေးXD)

မူလတန်းကျောင်းက ဆရာအများစုက အဆင့်နိမ့်အမတွေဖြစ်ပြီး၊ သူ့အတန်းဖော်အနည်းငယ်ကသာ ဇာ့ဂ်အထီးတွေဖြစ်သည်လေ။ သူသိတဲ့အထီးတွေက ကြီးကျယ်ဂုဏ်မောက်ကြပြီး၊ မဆိုင်တဲ့ကိစ္စတွေ ဝင်မပါကြဘူး။ သူမှတ်မိသလောက်ဆို ရှုန်းဖူလွဲရင် သူ့ကိုပထမဆုံးစကားလာပြောတဲ့ ဇာ့ဂ်အထီးဖြစ်သည်။

သူ့ကိုမြင်သည်နှင့် အေးစက်စက်ကြည့်တတ်တဲ့ သူ၏ ရှုန်းဖူနဲ့မတူဘဲ၊ သူ့ကိုအပြုံးနဲ့လာပြောတဲ့တစ်ယောက်ဖြစ်လေသည်။

သူ့ကိုမမြင်အောင် ချောင်းကြည့်‌လိုက်ဖို့တွေးတဲ့ ရှီယဲ့ဟာ သူအခုထိ တစ်ယောက်ထဲမဟုတ်မှန်းသိသွားလို့ အံ့ဩသွားခဲ့သည်။ တစ်ဖက်က ဟွမ်ရှုမှာတော့ ဘာပြောရမှန်းတောင်မသိ‌ချေ။ သူတစ်ခုခုများလွဲနေလို့လား? ဒီကလေးက စဉ်းစားမတတ်တဲ့ပုံနဲ့ ခြေအဆုံး ခေါင်းအ‌ဆုံးကြည့်နေတာ?

Home of the ZergWhere stories live. Discover now