အပိုင်း ၉

531 102 0
                                    

အပိုင်း ၉။  ။အလုပ်ပြန်တက်မယ်

//雄父 ရှုန်းဖူ = (အထီး)အဖေ//
//雌父 စစ်ဖူ = (အမ)အဖေ//
//雄主 ရှုန်းကျို = သခင်//
/雌君 စစ်ကျွင်း = ဧကရီ//
//雌侍 စစ်ရှီ = (အမ)ကိုယ်လုပ်တော်//

နောက်တစ်နေ့၏ နံနက်ခင်းစောစောတွင် ၈ခွဲ အလန်းနာရီမှ နှိုးခံလိုက်ရသည့် ဟွမ်ရှုသည် မျက်နှာကြက်ကို စက္ကန့်အနည်းငယ်လောက် အရင်ကြည့်ပြီးနောက် မနေ့ညက ဘာဖြစ်ခဲ့လဲဆိုတာ မှတ်မိသွားကာ သူ့ဘေးကို ချက်ချင်း လှည့်ကြည့်လိုက်သည်။

ဘေးမှာ ဘယ်သူမှ မရှိချေ။

သို့သော်ငြား ဟွမ်ရှုသည် အိပ်ရာခင်းက တစ်စုံတစ်ယောက်အိပ်ထားသလို ခြေရာလက်ရာ ကျန်ရှိနေသညကို သတိပြုမိသွား၍ ရှီယန်က စောစောထပြီး နေလောက်ပြီ။ သူ စစ်ဌာနချုပ်ကို သွားပြီလား? အလန်းနာရီကို ပိတ်ပြီး ရှီယန် ဒီမနက် သူ့ကိုလိုက်ပို့ပေးမယ် ပြောထားတာကို မှတ်မိသွားသည်။ သူဒီလို ကိစ္စကို မမေ့သင့်တာကြောင့် သူအိပ်ရာထပြီးနောက် ရှောင်ယဲ့ကို သွားနှိုးတာ ဒါမှမဟုတ် အောက်အရင်ဆင်းသွားတာဖြစ်လိမ့်မည်။

ရေအမြန်ချိုးပြီး ဟွမ်ရှု နက်ကတိုင်ချည်ရင်း အောက်ဆင်းလာသည်။ ဒုတိယထပ်က ရှောင်ယဲ့အခန်းကို သူဖြတ်လာတော့ သူအထဲမှာ ဘာသံမှမကြားလို့ ဒီကလေး အထဲမှာ ရှိရဲ့လားတောင် ထင်မိ၏။ ထို့ကြောင့်ပင် သူအောက်ဆင်းကာ တစ်ချက်သွားကြည့်သည်။

ရလဒ်ကတော့ နှစ်‌ယောက်လုံးက အောက်ထပ်တွင်ရှိနေကာ နံနက်စာက စားပွဲပေါ်တွင် ပြင်ထားပြီးပြီ။

"......." ဟွမ်ရှု နည်းနည်းအံ့ဩသွားသည်။ ဒါက တကယ့်ကို အောင်မြင်‌သောဘဝ၏ 'ပျော်ရွှင်မှု' မြင်ကွင်းဖြစ်သည်။

သို့ပေသို့ငြား ၎င်းနေရာမှ လူအချင်းချင်းကတော့ မရင်းနှီးစွာ အနည်းငယ် နေရခက်နေကြ၏။

"ရှုန်းကျို ကျွန်တော် အခွင့်မရှိဘဲ နံနက်စာ လုပ်ထားလိုက်မိတယ် အရှင်ကြိုက်ရဲ့လား မသိဘူး၊ အရင်မြည်းကြည့်ပါလားဟင်" ရှီယန် open kitchenမှ ထွက်လာပြီး ဟွမ်ရှုဝေစုကို စားပွဲပေါ်တင်ပေးသည်။

Home of the ZergWhere stories live. Discover now