အပိုင်း ၁၁

482 93 0
                                    

အပိုင်း ၁၁။   ။ ဟွမ်ယဲ့အား စာရင်းသွင်းခြင်း

//雄主 ရှုန်းကျို = အရှင်သခင်//
//雌侍 စစ်ရှီ = (အမ)ကိုယ်လုပ်တော်//

ရှီယန်က သူ့ကိုယ်သူဖော်ပြရာတွင် မတော်ပေမယ့်လည်း သူတို့စကားပြောခြင်းတွင် နားလည်မှုလွဲခြင်းတွေရှိကာ ရှီယန်၏ ပင်ကိုစရိုက်ကို သူ့အမူအကျင့် အမျိုးမျိုးထံမှ အဓိပ္ပာယ်ကောက်ယူနိုင်သည်။ တိုတောင်းလှသည့်ရက်များအတွင်းမှာ ရှီယန်နှင့် ဒီလို ဆက်နွယ်မှုအောက် အတူရှိပြီးနောက် တစ်ဖက်လူက နက်နက်နဲနဲ နားလည်သော ဆက်ဆံရေးအတွက် အာရုံစိုက်ဖို့ ထိုက်တန်ကြောင်း ဟွမ်ရှုခံစားရ၏။

ဟွမ်ရှုသည် သာမန်ကာလျှံကာပင် အက်တာနက်သတင်းများကို ကြည့်ရှုနေပြီး ရှီယန်က အနားမှာ အားလပ်နေသည်။ ထို့ကြောင့် ဟွမ်ရှုက ပေါ့ပေါ့ပါးပါးပင် ရှီယန်အချိန်ဖြုန်းဖို့ လုပ်လေ့ရှိတာလုပ်ဖို့ ပြောလိုက်‌သည်။ ရှီယန်စဉ်းစားကာ သူပုံမှန်ဆို ထရိန်နင်ဆင်းပြီး အားလပ်ချိန်နည်းနည်းသာရှိကြောင်း ပြောသည်။ သူဒဏ်ရာရပြီးမှစကာ သူရံဖန်ရံခါ အပြင်ထွက် အပန်းဖြေတတ်၏။ သူပြောသည်အရဆို ပန်းခြံထဲ မြစ်ကမ်းပေါ် လမ်းလျှောက်ထွက်တာ ဒါမှမဟုတ် မိန်းမောပြီးထိုင်နေတာမျိုးဖြစ်သည်။

" အော " ဟွမ်ရှု ပြောသည် "ဒါဆို ကိုယ်တို့ ပထမဆုံးတွေ့တုန်းက အပန်းဖြေဖို့ လာတာပေါ့"

"အဲ့နေရာက အရင်ငှားနေတဲ့အိမ်တဲ့ အရမ်းနီးတော့ အဲ့နားတွေအတော်ရောက်ဖြစ်တယ်လေ၊ ပြီးတော့ ကျွန်တော် အရှင့်ကို အဝေးက တွေ့လိုက်တာ…"

ဟွမ်ရှု ခနမျှရပ်တန့်ကာ မေးသည် "ကိုယ် ဘယ်လိုမြစ်ထဲကျသွားလဲ မင်းသိချင်လား?"

ရှီယန်တွေဝေနေပြီး ပြန်ဖြေ၏ "နဲနဲပေါ့" ထို့နောက် သူအမြန်ဆက်ပြောသည် "ဒါပေမယ့် အရှင်မပြောချင်ရင် ကျွန်တော် မမေးပါဘူး"

ဒီလိုပြောဖို့ မျှော်လင့်ထားသည့်အတိုင်း ဟွမ်ရှု အပြုံးတစ်ခုပေးသည် "အနာဂတ်မှာ သင့်တော်တဲ့ အခွင့်အရေးရှိလာရင် ကိုယ်မင်းကို အဲ့အကြောင်းပြောပြမယ်" သူပြောမယ့်အကြောင်းက မူလကိုယ် သတ်သေသည့်အကြောင်းနှင့် သူက ကမ္ဘာမြေပေါ်က ဝိညာဉ်ဖြစ်ကြောင်း အမှန်တရားပါ ပါဝင်၏။ ရှီယန်က သူ့ကို အရမ်းနာခံသော်လည်း ဒီအတိုင်းပင် သူတို့ကြားက ဝေးကွာနေတဲ့စိတ်ကြောင့် ဒီလိုထိတ်လန့်စရာကောင်းသည့် အရာကို အခြားသူနှင့် ဝေမျှနိုင်ပါ့မလား ဟွမ်ရှုမသေချာပေ။

Home of the ZergWhere stories live. Discover now