အပိုင်း ၁၆

393 70 0
                                    

အပိုင်း ၁၆။  ။ရုပ်ရှင်ကြည့်မယ်

ဟွမ်ယဲ့ ဘယ်အချိန်အိပ်ရာဝင်ခဲ့သလဲဆိုတာ ဟွမ်ရှုမသိပေ။ အစာအိမ်ဖြည့်ဖို့အတွက် ထွက်စားမယ့် အစီအစဉ် ယာယီပြန်ပြင်ဆင်ရမလား ဟွမ်ရှုမေးခဲ့သည်။ သို့သော်လည်း နောက်ကျမှအိပ်ပြီး အိပ်ရာထဖို့ခက်တဲ့ ဟွမ်ယဲ့ကို ရှီယန်က စည်းကမ်းတင်းကြပ်လေသည်။ သူပြောတာက ဒီအရွယ်ကလေးတွေက နောက်ကျမှအိပ်တာကို အစမလုပ်သင့်ဘူးတဲ့။

ရှီယန်က သူနဲ့ယှဉ်ရင် တင်းကြပ်တဲ့အဖေတစ်ယောက်လို့ ဟွမ်ရှုထင်သည်။ ပထမထပ်က ဆိုဖာပေါ် သူသွားထိုင်ကာ လူနှစ်ယောက်ကို စောင့်လိုက်သည်။ တခဏအကြာ အလျင်လိုနေတဲ့ ခြေသံတွေသူကြားရပြီး ရှောင်ယဲ့လည်း အမြန်ဆင်းလာလေသည်။

"မဟုတ်ပါဘူး သားအိပ်ရာထနောက်ကျလို့ တောင်းပန်ပါတယ်" သူ့အဖေက သူ့ကိုစောင့်နေရတယ်လို့ တွေးမိပြီး ဟွမ်ယဲ့ ရှက်သွားရ၏။

"အလျင်မလိုပါဘူးကွာ"

"သားအဆင်သင့်ဖြစ်နေပြီ" ဟွမ်ယဲ့ သူ့မျက်နှာကို အမြန်ပုတ်ကာ သူဆေးကြောပြီးလို့ အချိန်မရွေး အပြင်ထွက်နိုင်ကြောင်း ပြော၏။

နေ့လယ်ရောက်တော့ သူတို့နှစ်ယောက်ရယ်၊ အခုမှနိုးတဲ့ ဟွမ်ယဲ့ရယ် အနည်းငယ်ဗိုက်‌ဆာနေပြီ။ ဒါကြောင့် သူတို့အပြင်ထွက်ကာ စားသောက်ဆိုင်တန်းသွား၍ နှစ်နပ်ပေါင်းစားကြသည်။ မနက်ဖြန် ဟွမ်ယဲ့ကျောင်းပြန်တက်ရမှာကို တွေးပြီး သူဘာစာရေးကိရိယာတွေ လိုလဲဆိုတာ ဟွမ်ရှု အထူးဂရုစိုက်ပေးသည်။ သို့သော်လည်း ဟွမ်ယဲ့က မတောင်းဆိုဘဲ အရင်ရှိတာတွေနဲ့ လုံလောက်တယ်လို့ပြော၏။

ညနေခင်းအစီအစဉ်များအကြောင်း ဟွမ်ရှုတွေးကြည့်ပြီး ရှီယန်နဲ့ ဟွမ်ယဲ့က ရုပ်ရှင်ရုံတခါမှ သွားဖူးသေးပုံမပေါ်ပေ။ ရှီယန် ကလေးတုန်းကတော့ သူ့မှာ ပိုက်ဆံမရှိဘူး။ နောက်ကျ စစ်ဌာနရုံးချုပ်ကိုရောက်တော့ သူ့မှာ ကိုယ်ရေးကိုယ်တာ အချိန်မရှိတာမို့ ဘဝကိုမပျော်ခဲ့ရပေ။ ထရိန်နင်မှာ သူအာရုံစိုက်ထားရတယ်။ ဟွမ်ယဲ့ကလည်း ကိုယ့်အားကိုယ်ကိုးတတ်တယ်။ ရှီယန်က အမြဲရှေ့တန်းမှာဖြစ်ပြီး သူ့ဂရုစိုက်မှုကလည်း အကန့်အသက်နဲ့သာ။ ပြောရရင် သူ့ဘဝက တစ်သတ်မတ်တည်းနှင့် ငြီးငွေ့စရာကောင်းလှတယ်။

Home of the ZergWhere stories live. Discover now