အပိုင်း ၅

586 107 0
                                    

အပိုင်း ၅။   ။ ရှီယန်ကိုရှာဖွေခြင်း

//雌侍 စစ်ရှီ = (အမ)ကိုယ်လုပ်တော်//

ဟွမ်ရှုသည် လူကောင်းတစ်‌ယောက်ဖြစ်ဆဲသာ။ အရင်က ဟွမ်ကျားတဲ သူ့အကြောင်း ကောလဟာလဖြန့်ခဲ့ပြီးတော့ သူလဲ သဘာဝကျစွာနှင့် ဟွမ်အိမ်တော်မှခွဲထွက်ကာ တစ်ယောက်တည်းနေမည့်အကြောင်းဖြန့်လိုက်သည်။ အချို့ဇာ့ဂ်တွေက အကြီးအကဲက အိမ်တော်မှ ရက်ရက်စက်စက်မောင်းချလိုက်သလား သိချင်ကြသော်လည်း ပုံမှန်တော့ ဇာ့ဂ်အများစုက ဟွမ်ရှူက ဟွမ်အိမ်တော်နှင့် ဘာမှမသက်ဆိုင်တော့ဘူး ဆိုသည့်အချက်ကိုသိပြီး ပွဲကြည့်ချင်ကြတာဖြစိသည်။

ဒီအ‌ကြောင်းသိသည့် အိမ်တော်အကြီးအကဲကတော့ ဟွမ်ရှုက အရမ်းသိတတ်တယ်လို့ခံစားရသောကြောင့် ခံစားချက်ကောင်းနေ၏။ သူ သဘောထားကြီးကြီးဖြင့် မုန့်ဖိုးတွေအများကြီးပေးကာ သူ့အမည်နှင့် အိမ်ရာတစ်ခုလွှဲပေးခဲ့သည်။ အကြီးအကဲက ဆွေမျိုးချစ်ဆိုတဲ့လှည့်ကွက်ကိုကစားနေတာလား၊ သူ့ရဲ့အသိတရားရှိမှုကို ဆုချီးမြှင့်တာလားတော့ ဟွမ်ရှုမသိပါ။ ဘာဖြစ်ဖြစ် သူတော့လိပ်ပြာသန့်သန့်ဖြင့်ယူပြီး ဒီကနေစ၍ ရှင်းလင်းတဲ့ ခွဲထွက်မှုဖြစ်ခဲ့လေပြီ။

လေမုန်တိုင်းပြီးဆုံးခဲ့ပြီ။ တကယ်တော့ အစကတည်းက ဒီအဖြစ်အပျက်၏ အာရုံစိုက်ရာက  'ဟွမ်ရှု၏တွဲဖက်က တကယ်ကြီး တစ်ခုလပ်ကြင်ယာတော်' ဆိုတာ ဖြစ်ခဲ့သည်။ ဒီမနှစ်မြို့ဖွယ်တွဲဖက်ကို ဟွမ်ရှုချက်ချင်း ငြင်းပယ်ပစ်မယ်လို့ သူတို့သံသယမရှိပါ...သို့ပေမယ့် ဒီလိုဆက်ဆံရေးရှိခဲ့သည် ဆိုတာနဲ့တင် သူ့အတွက် ဟာသဖြစ်ဖို့ လုံလောက်နေပြီဖြစ်သည်။

လက်ထပ်တရားရုံးက ဝန်ထမ်းတွေက တွဲဖက်မှုက တုံ့ပြန်ဖို့ စောင့်ဆိုင်းဆဲဖြစ်နေတာမြင်ပြီး အံအားသင့်နေကြ၏။ ဇာ့ဂ်အထီးတစ်ယောက်အနေဖြင့် သူတို့စက်ဆုပ်သလိုခံစားရပြီး ကလစ်တချက်တည်းဖြင့် ချက်ချင်းငြင်းပယ်လိမ့်မည်သာ။ သူတို့အနေဖြင့် လူကိုယ်တိုင်လာစရာပင် မလိုအပ်၊ အွန်လိုင်းပေါ်မှ စာကြောင်းအနည်းငယ်ဖြည့်၍ တင်ပြရုံသာလိုသည်။ ဒါပေမယ့် ဒီစာရင်းကတော့ ရက်အနည်းငယ်အထိ မည်သည့်အပြောင်းအလဲမျှ မရှိဘဲ ရှိနေတုန်းပင်။

Home of the ZergWhere stories live. Discover now