အပိုင်း ၆

634 103 3
                                    

အပိုင်း ၆။  ။ ဟွမ်ရှု၏ ဆုံးဖြတ်ချက်

//雄主 ရှုန်းကျို = သခင်/
//雌君 စစ်ကျွင်း = ဧကရီ//
//雌侍 စစ်ရှီ = (အမ)ကိုယ်လုပ်တော်//
/雄父 ရှုန်းဖူ = (အထီး)အဖေ//

ဒီစကားဝိုင်းရဲ့ ဦးဆောင်မှုဟာ ဟွမ်ရှုလက်ထဲတွင် ရောက်သွားသည်။ သူဒီလို ကတိုက်ကရိုက် ဆုံးဖြတ်ချက်ချခြင်းမှာ အကြောင်းပြချက် များစွာအတွက်သာ တိုက်ဆိုင်သော ကံကြမ္မာကြောင့် စစချင်း ကောင်းမွန်တဲ့ခံစားချက်များ၊ ပြန်ပေးဆပ်လိုစိတ်တစ်ဝက်နှင့် စိတ်သဘောထား၊ ရှောင်လွဲလို့မရတဲ့ သနားကြင်နာစိတ်ရောနှောပါဝင်နေသည်။ သူပတ်ဝန်းကျင်ကြောင့် လွှမ်းမိုးခံလိုက်ရတာလဲဖြစ်နိုင်သည်။ ဤဇာ့ဂ်အသိုင်းအဝိုင်းတွင် ဇာ့ဂ်အထီးတစ်ယောက်က 

စစ်ရှီတစ်ယောက်မြန်းခြင်းက ကိစ္စကြီးမဟုတ်ချေ။ ဒါကြောင့် ဟွမ်ရှု တစ်ချက်မျှမတွေးဘဲ ဆန္ဒအလျောက်လုပ်လိုက်ခြင်းဖြစ်သည်။

အနာဂတ်တွင် ဟွမ်ရှုသည် ကြုံတောင့်ကြုံခဲပေမယ့် မှန်ကန်သည့်ဆန္ဒအလျောက်လုပ်ခြင်းလို့ ‌တွေးမိလိမ့်မည်။

ရှီယန်က ငတုံးမဟုတ်ပေ၊ ရုတ်တရတ် ကောင်းတဲ့ကိစ္စက နောက်ကွယ်တွင် မူမမှန်မှုများရှိမလားလို့ အံ့အားသင့်စေပေမယ့် သေချာပေါက် သူ့ကလေးအတွက် ယခုချိန်မှာ အကျိုးရှိမယ့် ရွေးချယ်မှုမျိုးပဲ သူလုပ်မှာပါ၊ တကယ်တမ်းမှာလည်း သူ့မှာအခြားရွေးချယ်စရာ ရှိမနေပေ။

ဟွမ်ကျားတဲ၏ ပျက်စီးစေလိုစိတ်နဲ့ နောက်ကွယ်မှ တွန်းအားပေးမှုကြောင့်သာမဟုတ်လျှင် ဒီလောက်ထိ ဟိုးလေးတကြော်ကြော်နဲ့ သတင်းကြီးဖြစ်သွားမည်မဟုတ်ပေ။ ရှီအိမ်တော်သည်လည်း သူတို့ဆီကကွာရှင်းခံရသည့် ဇာ့ဂ်အမက နောက်အိမ်ထောင်ပြုသည့်အကြောင်း သိရသည်၊ စိတ်ဝင်စားစရာနည်းနည်းမျှမရှိတဲ့ ဇာ့ဂ်အထီးမှန်း သိခဲ့တာကြောင့် သူတို့ ဘာအာရုံစိုက်မှုမျှ မထားရှိတော့ချေ။ သို့ပေမယ့် ဤအကြောင်းအရာက ယခုထိ ‌နယ်မြေသေးသေးလေးမှာ ပျံ့နှံ့နေဆဲဖြစ်သည်။

ဘေးခုံက ခေးဇစ်က ဒီအကြောင်းပေါ် အကြီးဆုံးတုံ့ပြန်မှုရှိနေ၏။ အခု သူက ဟွမ်ရှုနှင့် ပိုရင်းနှီးလာတာကြောင့်ဖြစ်နိုင်သည်၊ သူပြောသည့်အကြောင်းနှင့် ပက်သက်၍ သိပ်စိတ်မပူပါ။

Home of the ZergNơi câu chuyện tồn tại. Hãy khám phá bây giờ