အပိုင်း ၁၂

448 89 0
                                    

အပိုင်း ၁၂။   ။စာအုပ်ဝယ်ထွက်ခြင်း

//雄主 ရှုန်းကျို = သခင်/
//雌君 စစ်ကျွင်း = ဧကရီ//
//雌侍 စစ်ရှီ = (အမ)ကိုယ်လုပ်တော်//
/雄父 ရှုန်းဖူ = (အထီး)အဖေ//

သူထွက်သွားပြီးနောက် ဖွင့်ထားတဲ့ ဝန်ထမ်းအခန်းထဲတွင် တခဏမျှ မည်သည့်အသံမျ မရှိတော့ချေ။ ကြာညောင်းတဲ့ တိတ်ဆတ်မှုအပြီး ရှီယန် နောက်ဆုံးတွင် မေးခဲ့သည် "ရှုန်းကျို၊ ခုနက…"

" ဟမ်? "

"အရှင် တမင်လုပ်ခဲ့တာလား?"

" မဟုတ်ရင်? "

"........." ရှီယန် သူ့အမူအယာကို ဖော်ပြဖို့ရာ အခက်အခဲအချို့ရှိနေခဲ့သည်။ ဒါက မတော်တဆလား ကံကောင်းတာလား သူမသိပေ။

ဟွမ်ရှု လှည့်၍ သူ့နားကပ်လာလေသည်။ သူ ရှီယန်ကို တိုက်ရိုက်ကြည့်ကာ ညည်းညူလေ၏ "ကိုယ်တို့မှာ ဆက်သွယ်ပြောဆိုဖို့ အခက်အခဲရှိနေတယ် ထင်တယ်၊ ဇာ့ဂ်တစ်ယောက်ရဲ့ မျက်နှာချင်းဆိုင်ပျူငှာနေမှုကိုတောင် မင်းက စကားတစ်ခွန်းမပြောနိုင်ဘူး"

"ဒါပေမယ့် ကျွန်တော်က ဘယ်လိုလုပ်များ အကျိုးအကြောင်းမသင့်ဘဲ ကျေးဇူးကန်းရမှာလဲ?"

"ဘာကြောင့် ကျေးဇူးကန်းရမှာလဲ?" ဟွမ်ရှု ဒီပြောဆိုပုံနှင့် ပက်သက်လို့ မပျော်ပါ။

" အရှင် သူကမ်းလှမ်းတဲ့ ကြင်နာမှုကို လက်ခံဖို့ ဆန္ဒရှိရင် ကျွန်တော် ကန့်ကွက်မှုကို မပြနိုင်ပါဘူး…" ဟွမ်ရှုက သူ့အပြုအမူ စည်းကမ်းနှင့် ပက်သက်၍ မပျော်ရွှင်တာကြောင့် ရှီယန်ထပ်မပြောနိုင်တော့ချေ။ "ကျွန်‌တော့်ကို ဖြစ်စေချက်တာကို ရှုန်းကျိုပြောလို့ရပါတယ်"

"လာပါဦးကွာ၊ ဘာမှမဟုတ်ဘူး" ဟွမ်ရှု အကူအညီမဲ့နေ၏။ သူက သူ့လိုမျိုးလုပ်လို့မရဘူးလေ။ သူ၏နိမ့်ကျမှုနှင့် ယခင်မိသားစုပတ်ဝန်းကျင်ကြောင့် ဒီလိုအရာမျိုးရှေ့မှာ သူ့မကျေနပ်မှုအား တိုက်ရိုက်ဖော်ပြဖို့ ရှီယန်အတွက်မဖြစ်နိုင်ပေ။ ဒါပေမယ့် ရှီယန်က ဘာမှမတုန့်ပြန်တာက ဟွမ်ရှုကို မချင့်မရဲဖြစ်စေသည်လေ။

Home of the ZergTahanan ng mga kuwento. Tumuklas ngayon