အပိုင်း ၁၃

476 91 0
                                    

အပိုင်း ၁၃။   ။သဝန်တိုပါဦးလို့

ရှီယန်က သူ့စိတိထဲကအတွေးကို သိပ်ပြလေ့မရှိတာကြောင့် ဟွမ်ရှု ဒီအတိုင်းသာ ခံစားနေရ၏။ ရှီယန်က မနက်က သူ့မကျေနပ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတာလား သူမသိပေ။ သူညနေ အိမ်ပြန်ပြီးရင် ထပ်မေးကြည့်ရမယ်။

ဟွမ်ယဲ့ ဒီအ‌ခွင့်အရေးကိုဖမ်းဆုပ်ကာ စာအုပ်တွေဝယ်ခဲ့သည်။ သူ့မုန့်ဖိုးနဲ့ဝယ်ဖို့ပဲ မရမကတောင်းဆိုနေသည်။ ဟွမ်ရှု ဒီတစ်ခါကို သူ့ကိုအနိုင်မယူနိုင်ပေ။ အဲ့ဒီမှာ ငွေအကြွေစေ့လေးတွေ ရေနေသည်ကို သူကြည့်နေခဲ့၏။ လမ်းပေါ်တွင် ဟွမ်ယဲ့မနေနိုင်ဘဲ ထုတ်ကြည့်မိနေသည်။ သူအတော်လေး တန်ဖိုးထားပုံပင်။

"ဒုတိယထပ်က သိုလှောင်ခန်းကို စာကြည့်ခန်းလေးအဖြစ် ပြောင်းလိုက်ရအောင်။ ရုံးခန်းထဲကို ယူသွားမစရာမရှိတော့ ကိုယ်တို့စာအုပ်လေးတွေ သီးသန့်ထားလို့ရတယ်လေ။ နံရံကပ်စင်လေးစ
တစ်ခု မင်းရမယ်ဆို ဘယ်လိုလဲ?" အပြန်လမ်း၌ ဟွမ်းရှုမေးသည်။

"ကျွန်-ကျွန်တော်မှာ စင်ပေါ်ထားဖို့ စာအုပ်အများကြီးမရှိပါဘူး" ရှီယန် အမြန်ပင် လက်‌ယမ်းလေသည်။

"နောက်ကျ ရှိလာမှာပေါ့၊ ဒါဆို ဆုံးဖြတ်လိုက်ပြီနော်" ဒါအကြံကောင်းတစ်ခုဟု ဟွမ်ရှုထင်သည်။ အချိန်ကုန်သွားသည်နှင့်အမျှ ဝယ်ထားတဲ့အိမ်အသစ်လေးက မိသားစုတစ်ခုက ပို ပိုပြီး အသက်ဝင်လာလိမ့်မည်လေ။

ကားမောင်းနေသည့်ရှီယန်က ဒီဘက်ကိုလှမ်းကြည့်လိုက်ကာ ဘာမျှမပြောချေ။

အိမ်ပြန်ရောက်တော့ ရှီယန်က မီး‌ဖိုချောင်ထဲ ခနလောက် အလုပ်ရှုပ်နေခဲ့သည်။ ဘာလို့ဆို ဟွမ်ရှုက ဧည့်ခန်းထဲက ဆိုဖာမှာထိုင်နေကာ သူကတော့ မနက်ကကိစ္စကို ပြောဖို့ရာ အချိန်ကောင်းဟု မထင်ပါချေ။

"ရှုန်းကျို ကျွန်တော် အပေါ်ထပ်သွားပြီး ရေချိုးလိုက်ဦးမယ်"

"အော ဟုတ်ပြီလေ" ဟွမ်ရှု ဧည့်ခန်းမှာ ခနလောက် လျှောက်ပတ်သွားနေခဲ့သည်။ မထင်ထားစွာ ရှီယန်က အပေါ်တက်နှင့်ဖို့ မေးလာ၏။ သူ့ပုံရိပ်လေးကိုကြည့်ရင်း ဟွမ်ရှုမနေနိုင်စွာပင် ဘယ်လိုမေးရမလဲ တွေးမိသည်။ သူ့အတွက် ရှီယန့်ခံစားချက်တွေက သိပ်နက်ရှိုင်းမယ်ဟု ဟွမ်ရှုမထင်ပေမယ့် အနည်းဆုံးတော့ သူတို့မှာ အခြေခံကျတဲ့ နှစ်သက်မှုတွေတော့ ရှိကြသည်မဟုတ်လား? ရှီယန့်အတွေးက သဘာဝအားဖြင့်တော့ သူနားလည်သည်ပင်။ ထပ်ပြီး ဇာ့ဂ်တွေရဲ့အခက်အခဲက အမဖြစ်ရတာဖြစ်သည်။ ဘယ်သူမှ သူတို့ရှုန်းကျိုကို တခြားဇာ့ဂ်နဲ့ မဝေမျှချင်ရင်တောင် အပေါ်ယံမှာတော့ ဒီကိစ္စတွေကို နှုတ်ဆိတ်နေရမည်သာ။

Home of the ZergWhere stories live. Discover now