အပိုင်း ၁၀

492 85 2
                                    

အပိုင်း ၁၀။   ။ဟွမ်ယဲ့လေး

//雄主 ရှုန်းကျို = အရှင်သခင်//
//雄父 ရှုန်းဖူ  = (အထီး)အဖေ//

ဟွမ်ရှု သူ့ဖိနပ်ကိုချွတ်ကာ အိမ်ထဲဝင်လာခဲ့သည်။ သူဧည့်ခန်းသို့ ဖြတ်သည်နှင့် မီးဖိုချောင်ဘုတ်ပြားပေါ်မှာ တင်ထားသည့် ဖြတ်လက်စ ဟင်းသီးဟင်းရွက်နှင့် အသားများကို တွေ့ရသည်။

"ရှီယန် ပြန်လာပြီလား?"

"အာ, ကျွန်တော်.. အဲ့တာ ကျွန်တော်လုပ်ထားတာ…"  သူ၏ ခပ်ညံ့ညံ့ ဖြတ်တောက်စကေးတွေ မြင်သွားလို့ ဟွမ်ယဲ့ ရှက်သွားပုံရသည်။ သူအရမ်း ရှက်နေပါ၏။ သူ ခေါင်းကိုငုံကာ ပြောသည် "ကျွန်တော့်ဖေဖေပြောတာ အဖေပြန်လာမယ်တဲ့၊ သား အရင် တစ်ခုခုစမ်းချက်ကြည့်ချင်လို့… ဒါပေမယ့် ကြည့်ရတာ ကျွန်တော်က သိပ်ပြီးမတော်ဘူး.."

ဟွမ်ရှု အချိန်အတော်ကြာ အံဩသွားပြီးမှ တစ်ချက်သွားကြည့်ရန် မှတ်မိသွားခဲ့သည်။ စဉ့်တီတုံးပေါ်မှ အသီးအရွက်များအားလုံးက အလွန်သန့်ရှင်းစွာ ဆေးကြောထား၏။ အရွယ်အစား အမျိုးမျိုးသို့ ဖြတ်တောက်ထားကာ လုပ်လက်စသာ ရှိသေးပုံရသည်။ သူဂရုတစိုက်ကြည့်လိုက်တော့ သူတို့မနေ့ညက စားခဲ့သည့် ဟွမ်ယဲ့လည်း ဟင်းလျာအတွက် မီနူးထဲမှ ပါဝင်ပစ္စည်းများကို ဘယ်လိုမှာရမလဲ သိပုံပေါ်သည်။

ဖြစ်နိုင်တာက မနေ့ညက အော်ဒါမှာထားတာတွေက ဟွမ်ရှု အကြိုက်ဆုံးစားစရာတွေဟု သူအထင်လွဲသွားပုံရ၏။

ဟွမ်ယဲ့၏ အထင်လွဲမှုကို မချိုးဖြတ်ဘဲ ဟွမ်ရှုပြောသည် "ဒါ အတော်လေး ကောင်းတယ်မဟုတ်ဘူးလား? မင်း အရမ်းစိုးရိမ် နေတာများလား?၊ ဒါနဲ့ မင်း အသက်က ဘယ်လောက်ရှိပြီလဲ? မင်း စားပွဲကို မှီလို့လား?"

"မမှီစရာလား ကျွန်တော် သေတ္တာပေါ် ရပ်တာဗျ" ဟွမ်ယဲ့ မလျော့တမ်းပြောသည်။

ဟွမ်ရှု မနေနိုင်ဘဲ ရယ်မိသည်။ သူ့ကို ကျေနပ်စေဖို့ အစွမ်းကုန်ကြိုးစားပြီး လိမ္မာနေတာက ဟွမ်ရှုအား အနည်းငယ် စိတ်မကောင်းဖြစ်စေပေမယ့် ထိရှသွား၏။ သူသေတ္တာကို တစ်ဖက်ရွေ့ကာ ဟွမ်ယဲ့ကို ပြောသည် "အိုကေ မင်းမုန့်သွားစားလိုက်လေ၊ ကျန်တာ ငါ့ကိုလွှဲထားလိုက်"

Home of the ZergWhere stories live. Discover now