အပိုင်း ၄

599 118 0
                                    

အပိုင်း၄။  ။ ဟွမ်ကျားတဲ၏ နောက်ပြောင်မှု

//雄父 ရှုန်းဖူ = (အထီး)အဖေ//
//雌父 စစ်ဖူ = (အမ)အဖေ//

ရှီယန်ဘဝက ဘယ်လိုဆိုတာ ဟွမ်ရှု မသိပေမယ့် အဲ့နောက်ပိုင်း အချိန်တိုအတွင်း ဟွမ်ရှုကတော့ အနည်းဆုံး လမ်းကြောင်းမှန်ပေါ်တွင်ရှိနေခဲ့သည်။

မနေ့က ကြန့်ကြာမှုကြောင့် ဓာတ်ခွဲခန်းဆီသို့ မသွားခင် နောက်မနက်မှပဲ ဟွမ်ရှုဆံပင်ညှပ်ခဲ့သည်။ သုသေသနအခန်းထဲရောက်တဲ့အချိန်မှာ သူ့စတိုင်သစ်က တကယ်ပဲ စပရိုက်ကြီးတစ်ခုဖြစ်သွားစေသည်။

ဟွမ်ရှု ဒီအခွင့်အရေးကိုယူကာ လူအများကြီးနှင့်ရင်းနှီးလာပြီးဘေးခုံက သူ့ညီကိုအတင်းဈေးဗန်းခင်းနေတဲ့ ခေးဇစ်ရဲ့ စိတ်အားထက်သန်မှုကို နောက်တစ်ကြိမ်ရရှိစေ၏

ဒီကိုယ်ရဲ့ မူလပိုင်ရှင်က တကယ့်စာကြမ်းပိုးလေးတစ်ယောက်ဖြစ်တာကြောင့် မဟုတ်ရင် သူရဲ့ မဖော်ရွေတဲ့စရိုက်လက္ခဏာနဲ့ဆို သူဒီအလုပ်နဲ့အဆုံးသတ်မှာမဟုတ်ပေ။ ဟွမ်ရှု လက်ရှိပုံစံက ရေထဲကငါးနဲ့ပိုတူသည်။ ပါမောက္ခ၏ ထောက်ခံချက်ကိုလဲ အလျင်အမြန်သိမ်းပိုက်နေချိန် လက်ထောက်ဆရာအလုပ်ကိုလဲ တစ်ပတ်နှစ်ကြိမ်လုပ်နေခဲ့သည်။ သူဒီအကြောင်းရင်းတွေကို 'ရုတ်တရတ် အရင်ပုံစံအားလုံးစွန့်ခွာခြင်း' နှင့် 'အသဲကွဲပြီးနောက်ပိုင်း ပျော်ပျော်နေခြင်း' အဖြစ် ခွဲခြမ်းပြခဲ့သည်။

ကြားရတာ အဓိပ္ပာယ်မရှိပေမယ့် ဘယ်သူမှတကယ်တမ်း အကြောင်းပြချက်ကို ဂရုမစိုက်ကြပါဘူး။ ဟွမ်ရှုကအခု နှစ်လိုဖွယ်ကောင်လေးတစ်ယောက်ဖြစ်နေပြီး ဒါကပဲ မူလလုပ်ဖော်ကိုင်ဖက်တွေ၊ အထက်လူကြီးတွေ၊ လက်အောက်ငယ်သားတွေအတွက် လုံလောက်နေပြီ။ ကံကောင်းစွာနဲ့ မူလကိုယ်မှာ ရင်းနှီးတဲ့သူငယ်ချင်းတွေမရှိတာ‌ကြောင့်မဟုတ်လျှင် ကူးပြောင်းမှုက ပေါ်သွားလောက်သည်။ သူ တခြားတစ်ယောက်အဖြစ် ဟန်ဆောင်ပြီး သတိကြီးကြီးနေဖို့ မလိုအပ်တာက တကယ်ကံကောင်းသည်ဟု ဟွမ်ရှုတွေးမိသည်။

ကံဆိုးစွာ ဟွမ်ရှု ပြောင်းလဲသွားမှန်း စတင်ရိပ်မိသူတွေကတော့ စိတ်မကောင်းစွာနဲ့ပဲ သူ့ကိုအနိုင်ကျင့်ခဲ့တဲ့ ဝမ်းကွဲတသိုက်ဖြစ်နေသည်။

Home of the ZergWhere stories live. Discover now