အပိုင်း ၁၅

543 83 0
                                    

အပိုင်း ၁၅။   ။မနက်ခင်းလေးမှာ

#雄主 ရှုန်းကျို = အရှင်သခင်
#雌侍 စစ်ရှီ = (အမ)ကိုယ်လုပ်တော်

ရှီယန်၏ သက်တောင့်သက်သာရှိနေသည့် အပြုအမူကိုကြည့်ရင်း အရင်နေ့လယ်ခင်းက တစ်ဖက်လူရဲ့ ပြဿနာအမျိုးမျိုးကို သူတွေးမိသည်။ သူအိပ်ရာတွင်းလေ့ကျင့်ခန်းလေး ရက်အနည်းလောက်မလုပ်ရုံနှင့် ရှီယန်သူ့ကို စိတ်ဆိုးမှာတော့ မဟုတ်လောက်ဘူးဟု သူထင်မိ‌သည်။

သူ့အတွက် ရေချိုးကန်ဖြည့်ပေးရန်လုပ်နေတဲ့ ရှီယန်ကို သူတား၍ သူ့ဘာသာပဲ ရေအမြန်ချိုးလိုက်သည်။ သူထွက်လာတော့ ရှီယန်က အိပ်ရာပေါ်ထိုင်နေဆဲဖြစ်ပြီး လက်ထဲမှစာအုပ်ကိုကြည့်နေကာ နေ့လယ်က ဟွမ်ရှု‌ဝယ်ပေးထားတဲ့ စာညှပ်ကပ်လေးကို စာရွက်လေးတွေကြား ဂရုတစိုက်ညှပ်ထားတာ မြင်လိုက်ရသည်။ သို့သော်ငြား ရှီယန်ပုံက အနည်းငယ်ပင်ပန်းနေသည့်ပုံပင်။ သူစာအုပ်ကို ဖတ်မနေဘဲ မျက်လုံးများကလည်း အတော်ကြာမရွေ့လျားပေ။ သူတကယ်အိပ်ချင်နေပေမယ့် ဟွမ်ရှုပြန်လာပြီး အိပ်ရာဝင်ဖို့ တောင့်ခံပြီး စောင့်နေလေသည်။

"အိပ်ချင်ရင် အရင်အိပ်နှင့်လေ" ဟွမ်ရှုလည်း ရှီယန့် နေ့လယ်ကအခြေအနေကို မေးချင်ပေမယ့် သူအိပ်ငိုက်တာလေးမြင်တော့ နောက်ရက်မှ ပြောကြဖို့ ဆုံးဖြတ်လိုက်၏။

"ကျွန်တော်ကရပါတယ်၊ အရှင့်ဆံပင်တွေကို ကျွန်တော်သုတ်ပေးရမလား?" ဟွမ်ရှုအသံကြောင့် ရှီယန် လန့်ဖြန့်သွားကာ တည်တည်ငြိမ်ငြိမ်ဖြင့် သူ့အားကြည့်ကာ ဒီနားလာဖို့ သူ့ကိုဟန်ပြသည်။

ဟွမ်ရှုသွားကာ ရှီယန်ရဲ့လက်ထဲက စာအုပ်ကိုဖယ်ကာ ပိတ်ပေးပြီး အိပ်ရာဘေးကစားပွဲပေါ် တင်ပေးထားသည် "ဆံပင်ကခြောက်တော့မှာပါ၊ စိတ်မပူနဲ့၊ လာ အိပ်ကြရအောင်"

"ဟုတ်ကဲ့"

တစ်ယောက်နှင့်တစ်ယောက် ရက်အနည်းကြာ အတူအိပ်ပြီးနောက် ရှီယန်က ပထမကလို‌ ကြောက်လန့်နေတော့ဘဲ တခြားဇာ့ဂ်တစ်ယောက်နှင့် တစ်ခန်းထဲနေရတာ နေသားကျလာလေသည်။ ဟွမ်ရှု လှဲအိပ်ပြီးတော့ ရှီယန်သူ့ဘက်လှည့်လာတာ မြင်လိုက်ရသည်။ သူခပ်ခွာခွာမှ သူ့ကိုကြည့်နေဆဲပင်။

Home of the ZergWhere stories live. Discover now