စာစဉ် ၇၄ (၇-၁၂)
1.9K 278 12
Book.              :  74
Chapter.          :  7 - 12
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၇၄၊ အခန်း ၇။ ချမ်းသာတာနဲ့ပဲ လုပ်ချင်တိုင်းလုပ်လို့ ရနေရောလား
တတိယအကြီးအကဲသည် ပထမအကြီးအကဲအား ကြည့်လိုက်၏ ။
ဒီအဘိုးကြီးကတော့ ဂိုဏ်းချုပ်ဆီကနေ အရှက်မရှိနည်းတွေ လုံးဝသင်ပြီးသွားပြီနဲ့တူတယ် ။
အီလဲဗင်းက ရီဝမ်ဝမ်အား ကြည့်လာသည် ။
“ဆရာ .. ဆရာ့ဘ၀က အရမ်းစိတ်လှုပ်ရှားစရာကြီးနော် ။ အခုကစပြီးတော့ ကျွန်တော် ဆရာ့နောက်ကို လိုက်တော့မယ်”
ထိုလွတ်လပ်သောနယ်မြေကြီးမှာ မတူကွဲပြားသော နိဗ္ဗာန်ဘုံကြီး ဖြစ်နိုင်သည်ဟု အီလဲဗင်း စိတ်ကူးတွေ ယဉ်နေမိလေပြီ ။
“အားကျိုက စီ မိသားစု ကို မင်းလက်ထဲ လွှဲပေးခဲ့မှတော့
စီ မိသားစုမှာပဲ နေခဲ့ရမှာပေါ့”
ရီဝမ်ဝမ်သည် တခနလောက် တွေးကြည့်လိုက်ပြီး ပြောလိုက်သည် ။
စီ မိသားစုတွင် ခေါင်းဆောင်မဲ့သွား၍မဖြစ်ပါချေ ။
စီ မိသားစု၏ ၇ ယောက်မြောက် အစ်ကို ဖြစ်သည့် သူ့ အနေဖြင့် စီအကြီးအကဲ လုပ်ကာ စီ မိသားစုကို အုပ်ချုပ်သည်က အသင့်လျော်ဆုံး ဖြစ်ပေသည် ။
ထိုသည်က စီရီဟန်၏ ရည်ရွယ်ချက်လဲ ဖြစ်၏ ။
အီလဲဗင်း မတတ်သာတော့ဘဲ သက်ပြင်းချကာ သဘောတူလိုက်ရ၏ ။
“ဟိုလေ … ကျွန်တော်လဲ လွတ်လပ်သောနယ်မြေမှာ ရှိတဲ့
ရှေးဟောင်း စီ ကလန် ကို သွားကြည့်ချင်တယ် ။
၉ကြီးက အဲ့ဒီမှာ မလား ။ တကယ်တမ်းပြောရကြေးဆို
ကျွန်တော်လဲ စီ မိသားစုကဆိုတော့ ရှေးဟောင်းစီကလန်ရဲ့ မျိုးဆက်လို့ ပြောလို့ ရတာပဲ ။ ကျွန်တော် အဲ့ကို သွားလို့ရှိရင် ကျွန်တော့်အရည်အချင်းတွေကို သူတို့မြင်သွားပြီး ရှေးဟောင်းစီကလန်မှာ နေခွင့်ပေးရင် ပေးမှာပေါ့ ။
သူတို့ ကျွန်တော့်ကို သိုင်းသင်ပေးရင် သင်ပေးမှာပေါ့”
အီလဲဗင်း ပြောလာ၏ ။
ရီဝမ်ဝမ် ။ “…” မင်း အတည်ကြီး ပြောနေတာလား ။