အပိုင်း၄(အချစ်ဦးနဲ့ပြန်လည်စုံတွေ့ခြင်း)

4.5K 293 25
                                    

စကားကြမ်းကြမ်းတွေပြောမိတိုင်း

နာကျင်တာ..

သိပါရက်နဲ့...

ပြောပဲမနေနိုင်ခဲ့ဘူး..

အနည်းဆုံးတော့ ခင်ဗျား..

ကျုပ်ကိုလွတ်လွတ်လပ်လပ်မုန်းနိုင်တယ်လေ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သခင်လေး ကသူတို့စံအိမ်ကြီးကိုပြောင်းလာခဲ့တာ သခင်လေး အဖေဆုံးပါးသွားပြီးသွားတဲ့အချိန်။ အဲ့တုန်းက သခင်လေးအသက်က ၅နှစ် ထင်တယ်..။ အဲ့တုန်းက ဘွားနှင်းရတနာပြောပြောနေတဲ့ သခင်လေးကို သွားချောင်းကြည့်မိခဲ့တယ်။

အသက်ငယ်ပေမဲ့ ဘွားနှင်းရတနာရဲ့မျိုးရိုးကိုဆက်ခံထားတဲ့ သခင်လေးက ခန့်ညားနေခဲ့တယ်..။ မျက်လုံးဝိုင်းဝိုင်း၊ နှာတံဆင်းဆင်းလေးက အသက်၆ နှစ်အရွယ်ဖြစ်တဲ့ကျွန်‌ေတာ့်ရဲ့ အတွေးတွေကို အကုန်သိမ်းပိုက်သွားတာပါပဲ..။

ထိုကလေးကို စစမြင်ခဲ့ချင်းမှာတင် ရင်းနှီးချင်စိတ်က ထိန်းမရ..၊ ဘွားနှင်းရတနာက..ချောင်းကြည့်နေတဲ့ကျွန်တော့်ကိုမြင်သွားပြီး..မိတ်ဆက်ပေးလာတယ်။ စံအိမ်တစ်ခုလုံးမှာ..ကလေးဆိုလို့ ကျွန်တော်တစ်ယောက်တည်းပဲရှိတာကြောင့် ဘွားက သခင်လေးနဲ့ အရမ်းရင်းနှီးနေစေချင်ခဲ့တယ်..။ ကျွန်တော်ကိုယ်တိုင်လဲ အဲ့မာနကြီးတဲ့သခင်လေးကို ခင်တွယ်ချင်ခဲ့တာပါပဲ..။

ဘွား က ကျွန်‌ေတာ်နဲ့မိတ်ဆက်ပေးတော့ သူနာမည်က မာန်ဖြစ်ကြောင်း တစ်လုံးတည်းမိတ်ဆက်ပေးလာတယ်..။ ဘွားနှင်းရတနာက ' မြတ်အားမာန်' လို့အပြည့်အစုံပြောသော်လည်း ကျွန်တော်ကတော့ သခင်လေးနှုတ်ခမ်းဖျားကထွက်လာတဲ့ မာန်ဆိုတဲ့ နာမည်လေးကိုသာ စွဲစွဲမြဲမြဲခေါ်ခဲ့တယ်။

အသက်၆ နှစ်အရွယ် ကျွန်တော့်အတွက်..နေ့ရက်တိုင်းကမာန်နဲ့အစချီပြီး မာန်နဲ့သာအဆုံးသတ်ခဲ့တယ်။

ကျွန်တော်က ကြီးကြီးကို မာန့် အကြောင်းတွေပြန်ပြောခဲ့တာတွေလဲ.." မာန်ကလေ..၊ မာန်က ဆိုးတယ်..မာန်က အကျင့်ပုတ်....မာန်က သားပါးကိုလိမ်ဆွဲတယ်.."

တစ်ယောက်သောသူရဲ့မျက်ဝန်း (OR) ဒေစီဒိုင်ယာရီ( complete)Where stories live. Discover now