အပိုင်း၁၇( ကိုကိုအလှလေးနဲ့တစ်ည)

2.4K 132 5
                                    

"ဘာလုပ်နေတာလဲ အပြင်ထွက်လေ !"

" အဟွန်း! ဘာဖြစ်လဲယောက်ျားလေးအချင်းချင်းပဲကို"

ဘိုထိုင်ဘေးက ဘေစင်မှာ မေးထောက်ပြီးကြည့်နေတဲ့သခင်လေးကြောင့် တွင်းတူးပြီးသာပုန်းနေလိုက်ချင်တယ်၊ အရှက်မရှ်ိဖူးလားမသိဖူး!

" အိုကေ ထွက်မယ် ဒါပေမဲ့ ထွက်ပြေးဖို့ အကြံလေးကိုပါတစ်ခါတည်း ဖျောက်ပစ်ခဲ့ရင်ကောင်းမယ် နော် "

ထိုစကားကြောင့်ထွက်ပြေးဖို့ အကြံထုတ်နေတဲ့ရောင်လေးမှာတောင့်တောင့်ကြီးဖြစ်သွားရသည်။
သခင်လေးထွက်သွားမှ သော့ဖွင့်လို့ရမဲ့အရာလေးများရှိမလားဆိုပြီး ဘေစင်အံဆွဲကိုအသာလေးဖွင့်ဖို့လုပ်နေတုန်းတံခါးအပြင်ဘက်မှအသံကြားလိုက်ရသည်။

" ကိုကိုရေ အံဆွဲထဲမှာ ဘာမှမရှိဖူးရှာမနေနဲ့"
ထိုအသံကြောင့်ရောင်စဉ်ဖွင့်ဖို့လုပ်နေတဲ့အံဆွဲကိုတောင်ပြန်ပိတ်လိုက်မိသည်။
ချက်ချင်းပဲဘိုထိုင်ကိုရေဆွဲချပြီး အိမ်သာထဲကပြန်ထွက်လာခဲ့သည်။

ရေဆွဲချသံကြောင့်မာန်မဲ့ပြုံးလေးပြုံးမိသည်။သိတာပေါ့ အံ့ဆွဲထဲမှာ သော့ဖွင့်လို့ရမဲ့ အရာလိုက်ရှာနေမှန်း ၊ ဒါပေမဲ့ မာန်က ဖြစ်နိုင်ချေတွေအကုန်လုံးတွက်ဆထားပြီးသား အိမ်ကိုပြောင်းပြန်လှန်ပြီးရှာရင်တောင် သော့ဖွင့်လို့ရမဲ့အရာမျိုးရှာတွေ့မှာမဟုတ်ဖူး။

အိမ်သာထဲကထွက်လာတဲ့ကိုကိုအလှလေးကိုပြုံးပြလိုက်ပြီး
" ကဲ ကိုကိုအလှလေး အခု အိပ်လို့ရပြီမှလား"

"အင်း .."

"ကိုကိုအလှလေးက ခြေထောက်ကလမ်းလျှောက်ရတာအဆင်ပြေမှာမဟုတ်ဖူး မောင်ချီမယ်"

"မလို.."

ရောင်လေးစကားတောင်မဆုံးသေး ရောင်‌ေလးခါးကို ဖက်လိုက်ပြီး သတို့သမီးစတိုင်ပွေ့ချီသွားသည့်သခင်ငယ်လေး။
ချီထားသည့်လက်အစုံသည်နည်းနည်းလေးမှအားလျော့သွားတာမျိုးမရှိပဲ ကုတင်ပေါ်သို့ တန်းတန်းမတ်မတ်လျှောက်သွားသည်။ ရောင်လေးခြေထောက်မှာခတ်ထားသည့်ကြိုးတွေကတော့ ကြမ်းပြင်မှာတရွတ်တိုက်ဆွဲပြီးပါ‌လာလေရဲ့။

တစ်ယောက်သောသူရဲ့မျက်ဝန်း (OR) ဒေစီဒိုင်ယာရီ( complete)Where stories live. Discover now