အပိုင်း၁၃( ချွဲနေသောသခင်လေး)

2.6K 137 7
                                    

သခင်လေးနဲ့တူတူနားထောင်နေတဲ့သီချင်းလေးကိုရောင်စဉ်တစ်ခါမှမကြားဖူးပေမဲ့ သီချင်းလေးကနားထောင်ရတာအစိမ်းသက်သက်ကြီးဖြစ်မနေဖူး၊ အဆိုတော်ရဲ့အသံအေးအေးလေးကရောင်စဉ့်ရဲ့နှလုံးသားလေးကိုဖမ်းစားသွားသလိုပဲ။

ကားစီးနေရင်းသီချင်းလေးကိုခပ်ဖွဖွလိုက်ညီးနေမိသည်။

"Red lights on me~
Racing to 60' ~I've been a fool~
But strawberries and cigarettes Always taste liked ~
blue eyes black jeans ~
Lighters and Candy l've been a fool~

မာန်သီချင်းကိုလိုက်ညီးနေသောသူ မပိုင်တဲ့လူသားလေးကိုခေါင်းလေးစောင်းပြီးကြည့်လိုက်သည်။

သီချင်းတစ်ပုဒ်လုံးမှာမာန့်နဲ့တိုက်ဆိုင်တာ တစ်ကြောင်းပါပဲတယ်
"I was that things would change
But we want right back to your game

ပြောင်းလဲသွားမယ်လို့ထင်ခဲ့ပေမဲ့
မင်းရဲ့အချစ်ကစားပွဲထဲပြန်ရောက်သွားခဲ့တာပဲ" ဆိုတဲ့အကြောင်းလေး မာန့်နဲ့တဂယ်တိုက်ဆိုင်လွန်းပါတယ်

ဒါပေမဲ့ ထိုလူသားလေးကတော့သိမယ်မထင်။

"ကဲရောက်ပြီဗျာ "

"ကျေးဇူးပါ ဦးတင်"(အသံပြိုင်တူ)

နှစ်ယောက်လုံးအသံပြိုင်တူထွက်လာတာကြောင့်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးရီလိုက်ကြသည်။
ဦးတင်လဲပြိုင်တူနှုတ်ဆက်လာသောကောင်လေးနှစ်ယောက်ကြောင့်ရီမိတော့သည်။

"ရပါတယ်ကွာ ဒါနဲ့သခင်လေး ညနေကြရင်ကော  ဦးတင်ကားနဲ့ပဲလိုက်မှာမှလား" မသေချာမှာစိုးလို့မေးလိုက်သည်။

"အင်း ကျွန်တော့်ဆိုင်ကယ်မပြင်ပြီးမချင်း ဦးတင်ကားနဲ့လိုက်မှာ"

"ဟုတ် သခင်လေး"
ဆိုင်ကယ်က ဒီတသက်ပြင်ဖြစ်မှာလားဆိုတဲ့စကားကိုတော့ထုတ်မမေးလိုက်။

"သခင် အယ်မှားလို့ မာန် အခန်းရှေ့ထိလိုက်ပို့မှာလား"

"အင်း "
အရင်ကခိုးချောင်ခိုးဝှက်နဲ့ ကိုကိုမသိအောင်ပို့ခဲ့ပေမဲ့ ဒီနေ့တော့တရားဝင်လိုက်ပို့ခွင့်ရခဲ့ပြီ။

ရောင်စဉ်တစ်ယောက် ရုပ်တည်ကြီးနဲ့ဘေးချင်းယှဉ်သွားနေသည့်သခင်လေးကြောင့်သိမ်ငယ်လာရသည်။ သခင်လေးအရပ်က၆ပေ၃လောက်ရှိသည် ၊ ကိုကိုနဲ့အရပ်ချင်းသိပ်မကွာ၊ ခြောက်ပေရှိတဲ့သခင်လေးနဲ့ဘေးချင်းယှဉ်သွားနေရတော့ ဒီက၅ပေ၅ တုန်တုန်လေးက ငိုချင်တာပေါ့လို့!
အခန်းရှေ့မြန်မြန်ရောက်ပါစေလို့

တစ်ယောက်သောသူရဲ့မျက်ဝန်း (OR) ဒေစီဒိုင်ယာရီ( complete)Where stories live. Discover now