အပိုင်း၎(အချစ်ဦးနဲ့ပြန်လုံဆုံတွေ့ခြင်)

1.8K 52 2
                                    

သခင်လေး ကသူတို့စံအိမ်ကြီးကိုပြောင်းလာခဲ့တာ သခင်လေး အဖေဆုံးပါးသွားပြီးသွားတဲ့အချိန်။ အဲ့တုန်းက သခင်လေးအသက်က ၅နှစ် ထင်တယ်..။ အဲ့တုန်းက ဘွားနှင်းရတနာပြောပြောနေတဲ့ သခင်လေးကို သွားချောင်းကြည့်မိခဲ့တယ်။

အသက်ငယ်ပေမဲ့ ဘွားနှင်းရတနာရဲ့မျိုးရိုးကိုဆက်ခံထားတဲ့ သခင်လေးက ခန့်ညားနေခဲ့တယ်..။ မျက်လုံးဝိုင်းဝိုင်း၊ နှာတံဆင်းဆင်းလေးက အသက်၆ နှစ်အရွယ်ဖြစ်တဲ့ကျွန်‌တော့်ရဲ့ အတွေးတွေကို အကုန်သိမ်းပိုက်သွားတာပါပဲ..။

ထိုကလေးကို စစမြင်ခဲ့ချင်းမှာတင် ရင်းနှီးချင်စိတ်က ထိန်းမရ..၊ ဘွားနှင်းရတနာက..ချောင်းကြည့်နေတဲ့ကျွန်တော့်ကိုမြင်သွားပြီး..မိတ်ဆက်ပေးလာတယ်။ စံအိမ်တစ်ခုလုံးမှာ..ကလေးဆိုလို့ ကျွန်တော်တစ်ယောက်တည်းပဲရှိတာကြောင့် ဘွားက သခင်လေးနဲ့ အရမ်းရင်းနှီးနေစေချင်ခဲ့တယ်..။ ကျွန်တော်ကိုယ်တိုင်လဲ အဲ့မာနကြီးတဲ့သခင်လေးကို ခင်တွယ်ချင်ခဲ့တာပါပဲ..။

ဘွား က ကျွန်‌တော်နဲ့မိတ်ဆက်ပေးတော့ သူနာမည်က မာန်ဖြစ်ကြောင်း တစ်လုံးတည်းမိတ်ဆက်ပေးလာတယ်..။ ဘွားနှင်းရတနာက ' မြတ်အားမာန်' လို့အပြည့်အစုံပြောသော်လည်း ကျွန်တော်ကတော့ သခင်လေးနှုတ်ခမ်းဖျားကထွက်လာတဲ့ မာန်ဆိုတဲ့ နာမည်လေးကိုသာ စွဲစွဲမြဲမြဲခေါ်ခဲ့တယ်။

အသက်၆ နှစ်အရွယ် ကျွန်တော့်အတွက်..နေ့ရက်တိုင်းကမာန်နဲ့အစချီပြီး မာန်နဲ့သာအဆုံးသတ်ခဲ့တယ်။

ကျွန်တော်က ကြီးကြီးကို မာန့် အကြောင်းတွေပြန်ပြောခဲ့တာတွေလဲ.." မာန်ကလေ..၊ မာန်က ဆိုးတယ်..မာန်က အကျင့်ပုတ်....မာန်က သားပါးကိုလိမ်ဆွဲတယ်.."

ကြီးကြီးက‌ပြောရှာတယ်..ကျွန်တော်သာ မိန်းကလေးတစ်ယောက်အဖြစ် မွေးဖွားလာခဲ့ရင်..အနာဂတ်မှာ သခင် လေးအတွက်စိတ်ပူစရာမလိုတော့ဘူးတဲ့။
အဲ့အချိန်တုန်းက ကြီးကြီးဘာကိုဆိုလိုသလဲ ကျွန်တော်နားမလည်ခဲ့ပေမဲ့ အခုတော့ ကောင်းကောင်းသဘောပေါက်လာပြီထင်တယ်..။

အဲ့အချိန်တုန်းက အရာရာအဆင်ပြေခဲ့ပေမဲ့ သခင်လေး..အသက်ဆယ်ကျော်သက်ဖြစ်လာတဲ့အချိန်မှာတော့ အရာအားလုံးက ပြောင်းပြန်ဖြစ်ကုန်တာပါပဲ။

တစ်ယောက်သောသူရဲ့မျက်ဝန်း (OR) ဒေစီဒိုင်ယာရီ( complete)Where stories live. Discover now