အပိုင်း၁၀(သခင်ငယ်လေးရဲ့နေ့စဉ်တာဝန်)

3.1K 188 4
                                    

ချစ်ရသူနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီးစကားပြောရတာလောက်ကြည်နူးစရာမရှိဖူးဆိုတဲ့စကားကို ကျုပ်လက်ခံလိုက်ပြီ။

အခုအချိန်အခိုက်အတန့်လေးကိုတသက်လုံးရပ်တန့်လို့ရရင်သိပ်ကောင်းမှာပဲ။

ဘယ်သူမှမရှိတဲ့နေရာလေးစီခင်ဗျားလေးကိုခေါ်သွားမယ်၊ အဲ့နေရာလေးမှာ ခင်ဗျားရယ် ကျွန်တော်ရယ်ပဲရှိမယ်။

မနက်ခင်းတိုင်း ကျွန်တော်ချစ်တဲ့ခင်ဗျားလေးနဲ့တူတူနိုးထမယ်။

ကျွန်တော်ကခင်ဗျားကြိုက်တဲ့ဒေစီပန်းတွေစိုက်ထားမယ်..။

ကျွန်တော်ပင်ပန်းနေတဲ့အခါ ခင်ဗျားလေးစီက ဖြူစင်တဲ့အနမ်းတစ်ပွင့်တောင်းဆိုမယ် ။

ခင်ဗျားလေးပျင်းတယ်လို့‌‌ေပြာလိုက်တာနဲ့ ကျွန်တော်က ခင်ဗျားလေးရဲ့မူပိုင်လူရွှင်တော်လေးဖြစ်ပေးမယ်..။

ခင်ဗျားလေး ကျုပ်နဲ့နှစ်ယောက်တည်းရှ်ိရတာသိပ်ပျင်းနေမှာဆိုရင်ကျုပ်က ခင်ဗျားလေးသိပ်ချစ်လွန်းပါတယ်ဆိုတဲ့ ယုန်ဖြူလေးတွေမွေးပေးမယ် ပြီးရင် ခင်ဗျားလေးက ယုန်ဖြူလေးတွေကိုပဲဂရုစိုက်နေရင်ကျုပ်က ဟန်ဆောင်စိတ်ဆိုးမယ် ခင်ဗျားလေးက လိုက်ချော့ပေါ့လေ။

ဒါပေမဲ့ ဒါ‌‌ေတွကစိတ်ကူးယဉ်မှုသက်သက်ပဲလေ။

လက်တွေ့မှာတော့ ဒီဘဝမဖြစ်နိုင်တဲ့ စိတ်ကူးယဉ်ခြင်းသက်သက်သာ။

"သခင်လေး "

"ဟင် ပြောလေ"

"ညနက်နေပြီ သွားအိပ်တော့မယ် မနက်ကျောင်းသွားရဦးမှာလေ"

"ဟင်...အင်း ဟုတ်တာပေါ့သွားအိပ်တော့လေ။"

"ဟူတ်ကဲ့ ဒါဆိုသွားပြီနော်" ရုတ်တရက်ကြီးနူးညံ့လာတဲ့သခင်လေးကြောင့် အံ့အားသင့်နေရတယ်၊ အရင်ကဆိုလူကိုမြင်ယောင်တောင်ရှောင်သွားတတ်တဲ့သခင်လေးက ဒီနေ့ထူးထူးဆန်းဆန်းစကားတွေပြောပြီးရီပြနေပါလား

နှလုံးခုန်သံတွေက ကျယ်လောင်လွန်းတာကြောင့် တဖက်လူကြားသွားမှာတောင်စိုးရိမ်နေမိသည်။ ဒါဟာရင်ခုန်နေတာလား..။

တစ်ယောက်သောသူရဲ့မျက်ဝန်း (OR) ဒေစီဒိုင်ယာရီ( complete)Where stories live. Discover now