အပိုင်း၈(သဝန်တိုနေသောသခင်လေး)

3.8K 216 4
                                    

ရောင်စဉ် ဘွားနှင်းရဲ့ ဇာတ်လမ်းအကြောင်းနားထောင်ပြီး တော်တော်နဲ့မျက်ရည်မတိတ်နိုင်တော့..။

မဆီမဆိုင်တွေးမိလိုက်တာက..သခင်လေး။သခင်လေးဖခင်လိုဖြစ်နေခဲ့မှလား။ ငယ်ငယ်ရွယ်ရွယ်နဲ့ အမေရော အဖေရောကို ဆုံးရှုံးလိုက်ခဲ့ရတာလေ။ အပြင်ပိုင်းကသာ ခက်ထန်ချင်ယောင်ဆောင်နေပေမဲ့ သခင်လေးမှာလဲ နူးညံ့တဲ့နှလုံးသားလေး ရှိနေမယ်လို့ယုံတယ်။

ကြီးမြရောက်လာပြီး မီးဖိုဆောင်မှာအဆင်သင့်ဖြစ်နေပြီဆိုခါမှ ဘွားနှင်း‌ကော ကျွန်တော်ကော ထိုနေရာကနေထွက်ခွာဖို့သတိရမိခဲ့တယ်။ မီးဖိုဆောင်ထဲရောက်တာနဲ့ အသင့်ပြင်ပေးထားတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဘွားနှင်းက မုန့်တီဟင်းရည်စချက်နေခဲ့တယ်။ ကျွန်တော်ကတော့ ဘေးကနေ လိုက်ရှုပ်နေခဲ့တာပေါ့။  အကုန်လူံးကျက်သွားတာနဲ့ဘွားနှင်းအတွက် ဦးဖယ်ပြီးတာနဲ့ကျွန်‌ေတာ့်အတွက် ထည့်ပေးတော့သည်။ ကျွန်တော်က မုန့်တီသောက်ရင် ငါးဖယ်တစ်မျိုးသာထည့်စားတတ်တယ်။ ပြီးရင်နံနံပင် ၊ငရုတ်သီးတွေကို အများကြီးထည့်ပြီး ရှူးရှုးရှဲရှဲ စားတတ်တဲ့အကျင့်ရှိတယ်။

သန့်လင်းက နံနံပင်မကြိုက်သူပြီပြီ ကျွန်တော်ကို အမြဲတမ်းပြောတယ်။

' နံနံပင် စားပြီးရင် ငါ့နားမလာနဲ့' ဆိုပြီး။

ဘာလို့နံနံပင်မကြိုက်တာကျွန်‌တော် စဉ်းစားလို့မရ။ ဘာလို့ဆို မုန့်တီက နံနံပင်ထည့်သောက်မှပိုကောင်းတာကို။

တွေးနေရင်း သုံးပန်းကန်လောက်စားမိသွားတယ်။ ဗိုက်လဲတော်တော်အင့်သွားကြောင့် ခနထိုင်နေတုန်း..ကြားလိုက်ရတဲ့စကားကြောင့် ဂျွတ်တောင်ထိုးသွားရတယ်။

" တုန်တုန်လေးရေ..ဒီပန်းကန်လေး သခင်လေးစီသွားပို့ပေးပါဦး.."

" ကျွန်တော်..ကျွန်တော်လား.."

" အေးလေ..တုန်တုန်ဆိုတာ ဒီအိမ်မှာ တော်လေးအပြင် ဘယ်သူရှိသေးလို့တုန်း.."

" ကြီးမြကလဲ..ကြီးကြီးနောက်က အမကြီးကိုသွားပို့..."

စကားတောင်မဆုံးသေး လေအလျှင်နဲ့အခန်းထဲကပြေးထွက်သွားကြတာအရိပ်တောင်မမြင်လိုက်ရ။

တစ်ယောက်သောသူရဲ့မျက်ဝန်း (OR) ဒေစီဒိုင်ယာရီ( complete)Where stories live. Discover now