အပိုင်း၁၂ (သီချင်းလေးတစ်ပုဒ်)

2.6K 164 26
                                    

"ခင်ဗျားကျုပ်ရဲ့ဂိုက်ဖြစ်ပေး"

"ဟင်"အူကြောင်ကြားပုံစံလေးနဲ့လူကိုကြည့်လာတဲ့လူကြီးပေါက်စ။

"ကျုပ်ကိုစာပြပေး"

"ရတာပေါ့သခင်လေးကလဲ ဘာများခက်တာမို့လို့လဲ " ဟုတ်တယ်လေစာပြတာကဘာခက်လို့လဲ လူကိုအိမ်ပတ်ပြေးခိုင်းတာတို့ တောက်တိုမယ်ရလုပ်ခိုင်းမယ်ထင်ထားတာ ။ စာပြတာ‌ေလာက်က‌ေဝာာ့လွယ်လွယ်လေးရယ် ။

"အွန်းး"
စိတ်ထဲမှာတော့ကျုပ်ရဲ့အပိုင်ဖြစ်ပေးပါဆိုတဲ့စကားကိုသာထပ်ခါတလဲလဲပြောနေမိတယ်၊ ဒါပေမဲ့လဲထုတ်ပြောလိုက်တာနဲ့အဝေးကိုထွက်ပြေးသွားမှာ‌လေ ဒီလူက!

"ဒါပေမဲ့သခင်လေး စနေ့နဲ့တနင်္ဂနွေပဲသင်ပေးလို့ရမှာနော်"

"မရဖူး တစ်ပတ်လုံးသင်ပေးရမှာ"
ခင်ဗျားဟိုကောင်နဲ့တွေ့ရမဲ့အချိန်ကိုနည်းသထက်နည်းအောင်လုပ်မှာ!

"ဒါပေမဲ့ကျောင်းသွားရမဲ့အချိန်နဲ့"

"ကျောင်းဆက်မတတ်တော့ရင်ရတာပဲ"ရွဲ့ပြောလိုက်တော့

"ဗျာ ကျောင်းထွက်ခိုင်းတာလား"ငိုမဲ့မဲ့အသံလေးနဲ့ပြောလာတဲ့လူကြီးပေါက်စ ။

" ကျစ်! မဟုတ်ဖူး ကျောင်းသွားရမဲ့အချိန်နဲ့ညှိပြီးသင်ခိုင်းတာ အဲ့တာဆိုနှစ်ဦးနှစ်ဖက်အဆင်ပြေတယ်မှလား"

"ဟုတ်ပြေတယ် ဒါပေမဲ့လေမေးစရာရှိတယ်"

"မေး"

"သခင်လေး အရင်သင်နေတဲ့ဂိုက်တွေကော?" ဟုတ်တယ်လေ မြို့ရဲ့နာမည်ကြီးဆရာတွေအကုန်ခေါ်သင်ထားပြီးတော့ဆယ်တန်းတောင်မအောင်သေးတဲ့သူ့ကိုစာပြခိုင်းတာကတော့နည်းနည်းတော့ထူးဆန်းတယ်

"စောက်ချိုးမပြေလို့"

"အော် ဟုတ်" သခင်လေးအကျင်နဲ့တည့်တဲ့သူကခပ်ရှားရှားဆိုတော့လဲဟုတ်မှာပါ။

"စာသင်ရအောင်လေ"

"ခုလား"

"ဟုတ်တယ်လေ အချိန်ရှိခိုက်လုံလစိုက်ဆိုတဲ့စကားကို မကြားဖူးဘူးလားခင်ဗျား"

"ဟုတ် စာအုပ်တွေသွားယူလိုက်ဦးမယ်နော်"

"မလိုဖူး အကုန်ရှိပြီးသား ခင်ဗျားက သင်ပေးယုံပဲ"
ခင်ဗျားမျက်နှာလေးကိုတစိမ့်စိမ့်ထိုင်ကြည့်ဖို့ အကုန်အသင့်ပြင်ထားပြီးသား ။

တစ်ယောက်သောသူရဲ့မျက်ဝန်း (OR) ဒေစီဒိုင်ယာရီ( complete)Where stories live. Discover now