အပိုင်း၁၆(မဖြစ်နိုင်တဲ့တောင်းဆိုချက်)

2.2K 115 4
                                    

      (မဖြစ်နိုင်တဲ့တောင်းဆိုချက်)
                (အပိုင်း၁၆)

တိတ်ဆိတ်နေသောအခန်းတစ်ခု၌ဝယ် ကောင်ငယ်လေးတစ်ယောက် လဲလျောင်းနေလေရဲ့..၊ သို့သော်ငြားလည်း အခန်းပိုင်ရှင်သည် ထိုကောင်ငယ်လေးကို အဝေးထွက်‌ေပြးသွားမှာဆိုးလို့ ထင်ပါရဲ့ ကောင်ငယ်လေးရဲ့ ခြေချင်းဝတ်ကို သံဆူးကြိုးနဲ့ပြုလုပ်ထားသည့် ခြေထိပ်ဖြင့် ချည်နှောင်ထားလေရဲ့...။

ရောင်စဉ်နိုးလာလာခြင်း မျက်နှာကျက်ကအလင်းရောင်ကြောင့် ဆူးခနဲဖြစ်သွားရသည်။ မျက်လုံးဖွင့်ပြီး  လဲလျောင်းနေရာမှ ထလိုက်တော့ မိုက်ခနဲဖြစ်သွားသော ခေါင်းကြောင့်  ခေါင်းကိုကိုင်ပြီးပြန်စဉ်းစားလိုက်တော့ တစ်၏၏၏၏ကားချင်းတိုက်မိတဲ့ အဖြစ်ပျက်ကိုပြန်သတိရလာသည်။ သတိရရလာချင်းစဉ်းစားမိတာ ကိုကို!

" ကိုကို!  ကိုကိုရော ဘယ်မှာလဲ ! သွားရမယ် ကိုကို့စီသွားရမယ်!" သွေးရူးသွေးတန်းဖြင့် ကုတင်ပေါ်မှထပြေးတော့ ခြေထောက်စီမှဆူးခနဲခံစားချက်ကြောင့် ခြေချင်းဝတ်ကို ငုံကြည့်လိုက်မိသည်။ ငုံကြည့်မိတော့ ကိုယ့်မျက်စိ ကိုယ်တောင်မယုံချင်..

သံဆူးကြိုး!

အ့ ဆူးကြိုးနဲ့ခြစ်မိသောကြောင့် အသားနုနုလေးတွေမှ သွေးစိမ်းရှင်ရှင်ကြလာတော့သည်။

ရှပ် . ရှပ်. ရှပ်

အခန်းပြင်မှရှပ်တိုက်သံအချို့ကြောင့်အသက်အောင့်မိလိုက်သည်။ စိတ်ထဲ၌လည်း ဖမ်းထားရလောက်တဲ့ထိ အငြိုးရှိတဲ့သူများရှိခဲ့လဲဆိုတာပဲထပ်တလဲလဲတွေးမိနေသည်။ အငြိုးရှိရအောင်လည်း သူတစ်ပါးကိုထိခိုက်အောင်မှ ရောင်စဉ်မလုပ်ဖူးတာ။ ထပ်ခါတလဲလဲစဉ်းစားလဲအဖြေမထွက်.။

" အော်ဟော ကိုကိုအလှလေးတောင် နိုးနေပြီလား မောင်က နိုးမလာသေးဖူးထင်လို့ အပြင်မှာအမှိုက်လေးတွေရှင်းနေတာ ကိုကိုအလှလေးရဲ့"

" မာန်! " သခင်လေးဖြစ်နေခဲ့တာလား! ယုံနိုင်ဖွယ်မရှိ သခင်လေးနဲ့သူ့ကြားမှာ ဖမ်းထားရလောက်တဲ့ထိ အငြိုးအတေးမရှိဖူးလေ! ဝမ်းနည်းတာကော ဒေါသထွက်တာကောပေါင်းပြီး

တစ်ယောက်သောသူရဲ့မျက်ဝန်း (OR) ဒေစီဒိုင်ယာရီ( complete)Where stories live. Discover now