special episode (U+Z)

2K 92 16
                                    

Uni
" ကိုမာန်က ဒေစီပန်းတွေကိုသိပ်ကြိုက်တာပဲလား.."

နောက်ပါးကနေထွက်လာသည့်ခပ်အုပ်အုပ်အသံလေးကြောင့် မာန် မသိမသာပြုံးမိသည်။သို့ပေမယ့် ထိုအပြုံးလေးက စက္ကန့်ဝက်လောက်သာဖြစ်တည်သွားတာမှလို့ နောက်ပါးကကောင်ငယ်လေးက‌ေတာ့မမြင်လိုက်။

" အင်း ဟုတ်တယ် ဒေစီတွေကိုသိပ်ကြိုက်တယ်"
နောက်ပါးကိုလှည့်မကြည့်ပဲပြန်ဖြေမိသည်။

ဒေစီပန်းခင်းကြီးကသိပ်ကိုလှတယ်။ တစ်ယောက်သောသူလိုပဲ..။

နောက်ပါးကိုလှည့်မကြည့်ပေမယ့် အတပ်သိနေတာတစ်ခုကတော့ ထိုကောင်လေးကသူကိုငေးကြည့်နေမှာ။

ပြန်လှည့်မကြည့်လို့အပြစ်မယူပါနဲ့ကောင်ငယ်လေး။
ကိုယ်မင်းရဲ့အကြည့်တွေကို လက်ခံနိုင်စွမ်းမရှိသေးလို့ပါ။
မင်းကို ပြန်လှည့်ကြည့်မိလိုက်ရင် မင်းရဲ့ဒေစီလို မျက်ဝန်းအောက်ထဲ ကိုယ်နစ်မြောမိသွားမှာ..။
ဘယ်တော့မှ ပြန်ရုန်းမထွက်နိုင်တော့မယ့်အထိ။

အတိတ်ကအပြစ်ကြွေးတောင်‌ေကျအောင်မဆပ်ရသေးတာ နောက်တစ်ကြိမ်ထပ်ချစ်မိသွားရင် ကိုယ်တဂယ် တဂယ့်ကို မကောင်းတဲ့ကောင်ဖြစ်သွားမှာ..။

ကိုယ့်ကြောင့်တစ်ခါနာကျင်ခဲ့ဖူးတာမှလို့   ကလေးငယ်နောက်တစ်ကြိမ်နာကျင်တာကို မြင်ရရင် ကိုယ်ဖြင့် တဂယ် အပြစ်ကြွေးဆပ်လို့ကုန်မှာမဟုတ်တော့ဖူး။

" ကိုမာန် ဒီဒေစီခင်းကြီးကိုနေ့တိုင်းလာကြည့်နေတာမရိုးဘူးလား"

အာရုံ ထို အင်းမလုပ်အဲမလုပ်လူကြီးကိုခပ်စွာစွာအသံလေးဖြင့်ပြောလိုက်သည်။

ငယ်ငယ်တုန်းက သူတို့နှစ်ယောက်ပန်းခင်းအရှေ့မှာစတိုက်မိတုန်းက ရုပ်ချောချောသဘောဘောကောင်းကောင်းနဲ့ ကိုကိုဟာ ဒီလူပါလို့ပြောရင် ဘယ်သူကယုံမှာလဲ၊ ဟွန့်!။

" မရိုးပါဘူး ဒေစီပန်းတွေကိုကြည့်ရတာ"

" ကျွန်တော်ကလေ ငယ်ငယ်တုန်းက ဒေစီပန်းခင်းကြီးကို ကြည့်ရတာ အရမ်းသဘောကျတယ် သို့ပေမယ့်လေ နောက်ပိုင်းအသက်ကြီးလာတော့ ဒေစီပန်းခင်းကြီးကိုမြင်တိုင်း ရင်ထဲမှာမွန်းကျပ်ပြီးစို့နင့်လာတယ် "

တစ်ယောက်သောသူရဲ့မျက်ဝန်း (OR) ဒေစီဒိုင်ယာရီ( complete)Where stories live. Discover now