အပိုင်း၁၄ (အချစ်ညလေးတစ်ည)

2.7K 147 14
                                    

"ဒီည ကျုပ်နဲ့တူတူလာအိပ်‌!"

"ဟင်"
စာလုပ်နေတဲ့ရောင်စဉ့်အခန်းထဲရောက်လာပြီးသူနဲ့တူတူလာအိပ်ခိုင်းနေတဲ့သခင်လေးကြောင့်ရောင်စဉ် ဆွံအနေရသည်။

စကားမပြောပဲဒူးခေါင်းကိုလက်ညှိုးနဲ့ထိူးပြသည့်သခင်လေး

"အော် ဟုတ်ဟုတ် ခနနော် စာအုပ်တွေသိမ်းလိုက်အုန်းမယ်"

"အင်း!"

ရောင်စဉ်ရဲ့သစ်သားကုတင်‌လေးပေါ်မှာတောင့်တောင့်ကြီးထိုင်နေတဲ့သခင်လေး၊ သူပြောချင်တဲ့အဓိပ္ပါယ်ကသူဒဏ်ရာရထားလို့သူနဲ့တူတူလာအိပ်ပေး  အဲ့လိုမျိုးပေါ့ ကိုယ့်ဟာကိုယ်ပဲဖြည့်တွေးရင်း စာအုပ်‌တွေထိုင်စီနေလိုက်သည်။

"ပြီးပြီ မာန်"

"သွားရအောင် !"

"ဟုတ်"
ရှေ့ကနေထွက်သွားသည့်သခင်လေးနောက်ကနေ တိတ်တိတ်လေးအသံမထွက်ပဲလျှောက်နေလိုက်သည်။ တဂယ်တော့စိတ်လှုပ်ရှားနေတာဆိုပိုမှန်လိမ့်မည်၊ငယ်ငယ်တည်းကနေခုထိ သခင်လေးအခန်းမှာတစ်ခါမှမအိပ်ဖူးဘူး၊ မုန့်ပို့တာတွေဘာတွေလောက်ပဲလုပ်ဖူးတာလေ ၊ အခုကပထမဆုံးသွားအိပ်ရမှာဆိုတော့ တဂယ်ရင်တွေပါတုန်တယ်။

မာန်သူ့နောက်ကနေတိတ်တိတ်လေးအသံမထွက်ပဲပါလာသည့်လူကြီးကလေးလေးကြောင့်ပြုံးမိသည်၊ လူကြီးကလေးလေးက စိတ်လှုပ်ရှားတာမျိုးတို့ ကြောက်တာမျိုးတို့ဆို ချက်ချင်းငြိမ်ကြသွားရော အဟွန်း! ချစ်စရာကောင်းတယ်။

အခန်းရှေ့ရောက်တော့ အခန်းထဲဝင်ဖို့တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့လူကြီးကလေးလေးကြောင့်

" ကိုကို့ ကိုယ် ကိုက်စားမဲ့အကောင် ဒီအခန်းထဲမှာမရှိဖူးနော်!"

" မဟုတ်. မဟုတ်ပါဖူး  အခုဝင်တော့မှာ ရေဆာသလိုဖြစ်နေလို့ သွားသောက်ရနိုး မသောက်ရနိုးစဉ်းစားနေတာ" ရှက်ရမ်းရမ်းပြီး ဘာတွေပြောမိလို့ပြောမှန်းမသိ!

"မေ့နေတာလား ကျုပ်အခန်းထဲမှာ ရေခဲသေတ္တာရော ရေဗူးကောရှိနေတယ်ဆိုတာ"

"မမေ့ပါဖူး ဟီး အခုဝင်ပြီနော်"
ရှက်လိုက်တာ !

"အဟွန်း!"

တစ်ယောက်သောသူရဲ့မျက်ဝန်း (OR) ဒေစီဒိုင်ယာရီ( complete)Where stories live. Discover now