အပိုင်း၁၉(သေဆုံးခြင်းမည်ပေလား)uni+Zawgyi

3.4K 128 25
                                    

Uni

အစေခံနဲ့သခင်

အဆင့်အတန်းကလဲမိုးနဲ့မြေလိုကွာခြားနေသည်။

အဆင့်အတန်းကွာခြားမှု ဆိုတဲ့ ဂုဏ်ပုဒ်ခြားနားနေတဲ့ ကောင်လေး နှစ်ယောက်ရဲ့ချစ်ခြင်းက တဂယ်ပဲ မဖြစ်နိုင်ဖူးလား..။

တစ်စုံတစ်ယောက်များ သိရင်ပြောပေးကြပါ သခင်တစ်ယောက်က အစေခံကိုချစ်မိတာ ပြစ်ဒဏ်တစ်ခုများလားဆိုတာ..။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ညအချိန်က ကြမ်းတမ်းမယ်လို့မရည်ရွယ်ခဲ့ပေမယ့် ကိုကိုရဲ့အသွေးအသားကိုပိုင်ဆိုင်လိုက်ရပြီဆိုတဲ့ ပျော်ရွှင်မှူကြောင့်ကြမ်းတမ်းမှုကိုမရပ်တန့်နိုင်ခဲ့ဖူး

ပျော်ရွှင်မှုများနဲ့သာနိုးလာတဲ့မနက်ခင်းမှာ
ကိုကို့ရဲ့နဖူးလေးကို အနမ်းလေးပေးပြီး အိပ်ယာကထဖို့ပြင်လိုက်သည်။

" ကိုကို မောနင်း.."
နှုတ်ဖူးလေးကိုအနမ်းလေးတစ်ပွင့်ပေးလိုက်ပြီး အချစ်ကြမ်းမှုကြောင့်ရှူပ်ပွနေတဲ့ အခန်းလေးကို ရှင်းဖို့ပြင်လိုက်တော့သည်။

နဖူးလေးကိုအနမ်းပေးလိုက်တဲ့အချိန်မှာ ကိုကို့ရဲ့အသားအရည်က အေးစက်စက်ဖြစ်နေတာကိုသိပေမဲ့ ပင်ပန်းလို့အိပ်နေတဲ့သူကို မနိုးတော့ပဲ လက်ထိပ်တွေဖြုတ်ပြီး အိပ်ယာပေါ်မှာပုံမပျက်သိပ်ထားလိုက်သည်။ ညကပင်ပန်းထားတာလေ မတော်လို့နိုးသွားရင်ဘယ်လိုမလုပ်မလဲ!

ကိုယ့်အတွေးနဲ့ကိုယ် ပြုံးနေမိသည်။

အခန်းတစ်ခုလုံးကိုရှင်းပြီးသွားပြီ၊ နောက်ဆုံးရှင်းစရာဆိုလို့ အိပ်ယာခင်းတစ်ခုပဲကျန်တော့သည်။ သို့သော်လည်းအိပ်ယာခင်းကိုယူလိုက်ရင် အိပ်ပျော်နေတဲ့လူသားလေး နိုးသွားမည်ကိုသူသိပ်စိုးရိမ်သည်။

ဒါကြောင့် အိပ်နေတဲ့ကိုကိုနိုးလာရင်စားဖို့ ဆန်ပြုတ်လေး ပြုတ်ဖို့ အိမ်အောက်ထပ်ကိုဆင်းလာခဲ့သည်။

လှေကားတစ်ထစ်ခြင်းဆင်းရင်းတွေ့လိုက်ရတဲ့မျက်နှာတွေကြောင့် ရင်ထဲ ဒိန်းခနဲဖြစ်သွားရသည်။ သူတို့တွေက ကိုကို့ကို ကျွန်တော့်စီက လုဖို့လာတာမဟုတ်ဖူးလား!

တစ်ယောက်သောသူရဲ့မျက်ဝန်း (OR) ဒေစီဒိုင်ယာရီ( complete)Where stories live. Discover now