Special episode final extra (U+Z)

2.1K 99 30
                                    

Uni
မွေးနေ့ရက်များ♡
မြတ်အားမာန်- { ၃.၄. ၁၉၈၆}
ရောင်စဉ်ဖြာ  - { ၅.၂. ၁၉၈၅}
လင်းအခရာ  -  {၈.၁.  ၁၉၈၂}

♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡

(A/N perfectသီချင်းလေးနဲ့နား‌ေထာင်ပြီးဖတ်ကြပါ)

ဒေစီပန်းရနံ့တွေပျံ့လွှင့်နေသည့် ဒေစီပန်းခင်းကြီး၏အလည်မှာကောင်လေးနှစ်ယောက်ဘဝသစ်တစ်ခုကိုနှစ်ယောက်လက်တွဲတည်ထောင်သွားဖို့ မင်္ဂလာပွဲကျင်းပနေကြသည်။

ပွဲအပြင်အဆင် လေးကရိုးရိုးရှင်းရှင်းသာ။
သတို့သားနှစ်ယောက်၏အဝတ်အစားကလဲ အဖြူရောင်ဝတ်စုံကိုမှဒေစီပန်းပုံရင်ထိုး ထိုးထားကြလေသည်။

ဘာဖြစ်လို့များဒေစီပန်းပုံရင်ထိုးထိုးထားရသလဲလို့မေးရင် တစ်ယောက်သောသူကတော့ ဒီလိုဖြေမှာအတပ်ပဲ။
' ကိုကိုက ဒေစီပန်းတွေကိုသိပ်မြတ်နိုးလို့'
ဆိုသည့်အဖြေ။

ပွဲမှာဖိတ်ထားသည့်လူဆိုလို့ လက်ချိုးရေလို့တောင်ရပေမယ့် ထိုမင်္ဂလာပွဲက သာမန်လူအများကြီးနှင့်ကျင်းပသည့်ပွဲထက်ပိုပြီးအသက်ဝင်နေခဲ့သည်။

သတို့သားနှစ်ယောက်ဖြစ်သည့် အာရုံနှင့်မြတ်အားမာန်တို့သည် ဘိသိက်ဆရာရှေ့မှာသစ္စာဆိုနေကြလေသည်။သစ္စာဆို‌ေနကြသည့်သူတို့နှစ်ယောက်ရဲ့အပြုံးတွေက သိပ်ကိုအသက်ဝင်နေသည်။ အတိတ်ဘဝက နာကျင်မှုတွေကိုအတိတ်မှာထားခဲ့ကြပြီဖြစ်တဲ့သူတို့နှစ်ယောက်။ တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ရင်း ဒီဘဝတစ်သက်သာလက်မလွှတ်တော့ဖူးဆိုသည့်အကြည့်ဖြင့်တစ်ယောက်ကိုတစ်ယောက်ကြည့်နေခဲ့ကြသည်။

" သတို့သားမြတ်အားမာန်
သတို့သားအာရုံကို ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ရုပ်စိုးသည်ဖြစ်စေ၊ ရုပ်ချောသည်ဖြစ်စေ၊ သစ္စာမပျက်ပဲပေါင်းသင်းပါ့မည်ဟု ကတိပြုပါသလား"

" ကတိပြုပါတယ် "

" သတို့သား အာရုံကရော
သတို့သားမြတ်အားမာန်ကို ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ရုပ်စိုးသည်ဖြစ်စေ ၊ ရုပ်ချောသည်ဖြစ်စေ၊ သစ္စာမပျက်ပဲပေါင်းသင့်ပါ့မည်ဟုကတိပြုပါသလား"

တစ်ယောက်သောသူရဲ့မျက်ဝန်း (OR) ဒေစီဒိုင်ယာရီ( complete)Where stories live. Discover now