အပိုင်း၁၁(သခင်လေးရဲ့ပထမဆုံးလက်ရာ)

1K 27 0
                                    

ငှက်ကလေးများ၏တေးဆိုသံများသည်အိပ်ပျော်နေသောအလှလေးကိုနိုးသည့်အလား ပြိုင်တူတေးဆိုနေကြသည်။ ငှက်ကလေးများ၏တေးဆိုသံများသည်အလုပ်ဖြစ်သွားသည်ထင်ပါရဲ့ အိပ်ပျော်နေသောကောင်ငယ်လေးသည်အိပ်စက်ခြင်းအမှုကိုအဆုံးသတ်ပြီး နိုးထလာတော့သည်။

တီ.တီ တီ(နှိုးစက်မြည်သံ)

ရောင်စဉ်တစ်ယောက်တုန်ခါနေသည့်နှိုးစက်ကိုပိတ်လိုက်ပြီး မနက်ခင်းတာဝန်များကိုလုပ်ဆောင်ရန်အိပ်ယာမှထလိုက်သည်။

မျက်နှာသစ်ပြီးသနပ်ခါးရေကြဲလေးကိုပါးပါးလေးလူးလိုက်သည် ။ တဂယ်ဆိုမလိမ်းလဲရပါသည် သို့သော်လည်းမျက်နှာပေါ်မှာတစ်ခုခုမတင်ရရင်မနေတတ်တဲ့အကျင့်ကြောင့်သနပ်ခါးရေကြဲလေးလိမ်းလိုက်သည်။နဖုံးပေါ်ဝဲနေသည့်ဆံပင်တွေကိုမျှော့ကွင်းတစ်ခုနဲ့ ကြက်တောင်စည်းပုံစံစုချည်လိုက်သည် ။ နောက်ဆုံး အခန်းပြင်အပြင်မထွက်ခင်လေး ကိုကိုပေးထားတဲ့ဆွဲကြိုးလေးကိုအံ့ဆွဲထဲကနေထုတ်ကြည့်လိုက်သည်။ မဝတ်ဖူးလားလို့မေးရင် ဟုတ်တယ်မဝတ်ဖူးအမြတ်တနိုးတန်ဖိုးထားရတဲ့ဟာလေး တစ်ခုခုဖြစ်သွားမှာမလိုလားတဲ့အတွက် ဒီတိုင်းအံဆွဲထဲမှာပဲထည့်သိမ်းထားပရစေ ။

အခန်းထဲကထွက်ပြီး ကြီးကြီးရှိတဲ့မီးဖိုခန်းထဲသို့အပြေးလေးသွားလိုက်သည်။ကြီးကြီးကိုတွေ့တာနဲ့ ပုံမှန်နှုတ်ဆက်နေသည့်အတိုင်း
"ကြီးကြီး မောနင်း"လို့နှုတ်ဆက်လိုက်သည်။

"မောနင်းပါရှင် တုန်တုန်လေးဘယ်သွားမို့လဲ"

"သား ပန်းပင်တွေရေသွားလောင်းမလို့ကြီးကြီးရေ"

"မလောင်းနဲ့လေ ဦးတင်လောင်းလိမ့်မယ်"

"ရတယ်ကြီးကြီး သားပဲလောင်းလိုက်မယ် သားသွားပြီ"ပြောပြီးတာနဲ့ချက်ချင်းခြံထဲဆင်းသွားသည့်ကလေးကြောင့်ဒေါ်မြ ‌ခေါင်းသာယမ်းလိုက်ရတော့သည်။

ကိုကိုလာပြီ ပန်းပင်လေးတွေရေ။

ဟုတ်တယ်ရောင်စဉ်ကသူ့ကိုယ် သူကိုကိုလို့အရမ်းခေါ်ခံချင်တာ ဒါပေမဲ့တစ်အိမ်လုံးက ကလေးလိုဆက်ဆံနေကြတာ၊ ၁၀တန်းကျောင်းသားကြီးကို ကလေးလိုဆက်ဆံနေကြတာတော့မဟုတ်သေးဖူးနော်ဟွန့်။

တစ်ယောက်သောသူရဲ့မျက်ဝန်း (OR) ဒေစီဒိုင်ယာရီ( complete)Where stories live. Discover now