စာစဉ် ၇၆ (၁၃-၁၈)
8.3K 466 150
Book.              :  76
Chapter.          :  13 - 18
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၇၆၊ အခန်း ၁၃။  အံ့အားသင့်ဖွယ် ရှာဖွေတွေ့ ရှိမှု
တခြားသောအကြီးအကဲများနှင့် ခန်းမသခင်များအားလုံးသည် တတိယအကြီးအကဲ၏ စံနမူနာကို အတုယူကာ အလျင်မြန်ဆုံးအရှိန်ဟုန်နှင့် အတိုတုတ်ဆုံးအချိန်တိုလေးဖြင့် ရှေ့တွင် ရှိနေသည့် ထရပ်ကားနှစ်စီးအား ကားမှန်တွေ တခွမ်းခွမ်းမြည်အောင် ခွဲချေပစ်တော့ကာ ကားဆရာများကို အနုကြမ်းစီးကြတော့ လေ၏ ။
သူတို့က ထရပ်ကားကြီးတွေကို မောင်းနေတဲ့ကောင်တွေ .. ။
ဒါ အပျော်ဆော့နေတာ မဟုတ်ဘူး ။ အဲ့ဒီကားဆရာတွေကိုသာ သတိပြန်ရခွင့်ပေးလိုက်လို့ရှိရင် ထရပ်ကားကြီးတွေကို တားဖို့ လွယ်ကူတော့မှာ မဟုတ်ဘူး ။
“ဟွန့် …. နလပိန်းတုံးကောင်တွေ”
အကြီးအကဲ ကျင်း နှာခေါင်းရှုံ့ လိုက်ပြီး ပထမဆုံးထရပ်ကားထဲကနေ ၀ရောခနဲ ဆင်းချလာလေပြီ ။
အကြီးအကဲ ကျင်း အပြင် သိုင်းပညာအစည်းအရုံး၏ သက်လတ်ပိုင်းလူကြီးနှစ်ယောက်သည်လည်း ပါလာပါ၏ ။
“မင်းတို့ကများ သိုင်းပညာအစည်းအရုံးရဲ့ ပို့ဆောင်ရေး ထရပ်ကားကို တားရဲတယ်ပေါ့လေ ?!”
အသက်ခပ်ကြီးကြီး ယောကျာ်းတစ်ယောက်က အခြေအနေကို လေ့လာအကဲခတ်နေရင်း အေးတိအေးစက် အော်ငေါက်မြည်ကြွေးလာ၏ ။
“ဘယ်သူတွေလဲ … နာမည်ကို ထုတ်ပြောစမ်း”
တည်ငြိမ်ခန့်ညားစွာဖြင့် မေးခွန်းထုတ်လာသူကား
အမောင် အကြီးအကဲ ကျင်း ပင် ။
အကြီးအကဲ ကျင်း၏ စကားသံ အဆုံးတွင်
ရီဝမ်ဝမ်သည် အမှောင်ထုမိုက်မိုက်ထဲကနေ အေးအေးလူလူ ထွက်လျှောက်လာလေပြီ ။
အကြီးအကဲ ကျင်း သည် ရီဝမ်ဝမ်ကို တွေ့ လိုက်ရသည့် အချိန် မျက်လုံးတို့ ကျဉ်းမြောင်းသေးသိမ်လာတော့၏ ။
“အကြီးအကဲ ကျင်း … မတွေ့ ရတာ ကြာပါပေါ့လား”
ရီဝမ်ဝမ်သည် ထိုလူကြီးအား ခပ်ဖျော့ဖျော့လေး ပြုံးပြလိုက်၏ ။
You've reached the end of published parts.
⏰ Last updated: May 02, 2022 ⏰
Add this story to your Library to get notified about new parts!