Part 1

1.1K 18 0
                                    

ဘတ်စ်ကားပေါ်ကတစ်ခုံထဲတွင်ထိုင်၍နားကြပ်လေးတပ်ကာ ပါလာသော 'ဂန်ဟန်'။အဲကွန်းဘတ်စ်ဟုသာကားဘေးတွင်ကပ်ထားသော်လည်း တစ်စက်ကလေးမျှမအေးသည်မှာမထူးဆန်းတော့ပါ။YBSတို့ထုံးစံပင်မဟုတ်လား။ပူပြင်းလှသောနွေရာသီဖြစ်သည့်အပြင် ဝတ်စားလာသည့်အဝတ်အစားတို့ကြောင့် နှဖူးမှချွေးစလေးများထွက်စပြုလာသည်။ဘတ်စ်ကားကိုလဲအပြစ်မတင်လို မနက်ကကားကြုံစီးခဲ့မိသည့်မိမိအမှားသာဖြစ်သည်။

ဘေးမှန်တံခါးကိုဆွဲဖွင့်လိုက်တော့မှ တိုက်ခတ်လာသောလေအဝှေ့ကြောင့် ခေတ္တအေးသွားရသည်။ပုံမှန်ရှူတင်ရှိသည့်ရက်ဆိုလျှင်ကိုယ့်ကားနှင့်ကိုယ်သွားနေကျဖြစ်သော်လည်း မနက်က 'တန်' လာခေါ်သဖြင့်မုန့်သွားစားရင်းရှုတင်ဝင်ပို့ခဲ့သောကြောင့်အပြန်YBSနှင့်ညားရ၏။ယနေ့သွားရိုက်ပေးရသောနေရာမှာ မြို့တွင်းမဟုတ်ပဲသန်လျင်ဘက်ဖြစ်သောကြောင့်အပြန်အနည်းငယ်နောက်ကျနေသဖြင့် ရုံးဆင်းချိန်နှင့်တိုက်နေသည်။ရုံးဆင်းချိန်ဆိုတော့ လူများရသည့်အထဲကားဆရာကကားထဲသို့လူရသလောက်ထည့်နေပုံပေါ်သည်။ကားပေါ်လူပြည့်နေသည့်တိုင် ထပ်ထပ်ခေါ်နေသောကားဆရာကြောင့် ဂန်ဟန်တစ်ယောက်ဒေါကန်နေမိတာအမှန်။လူတွေများလာ၍အနံ့ပေါင်းစုံ၊လူပေါင်းစုံနှင့်အသားချင်းကပ်နေအောင်ကြပ်နေသဖြင့် မခံနိုင်သည့်အဆုံးရှေ့မှတ်တိုင်တွင်ဆင်းလိုက်ရတော့သည်။

အောက်ရောက်တော့မှ အင်းယားကန်ဘက်ကတိုက်လာသည့်လေညှင်းလေးကြောင့် စိတ်ပြန်ရွှင်သွားရသည်။"ဦးလေး မြောက်ဥက္ကလာ၊မေဓာဝီဈေးကိုပို့ပေးပါ" ဟုပြောရင်းနားကြပ်လေးတပ်ကာ လိုက်သွားသည်။

"ဒီညတော့ဆိုင်မှာမစားပဲ၊အပြောင်းအလဲလေးဖြစ်အောင် ကိုယ့်ဘာသာပဲရှမ်းကောလေးလုပ်စားတာပေါ့" ဟုတစ်ယောက်ထဲပြောရင်းဈေးထဲလျှောက်သွားလိုက်သည်။လိုအပ်သည်များဝယ်ပြီးသည်နှင့် မေဓာဝီလမ်းပေါ်ရှိသူမနေအိမ်ကွန်ဒိုဆီလျှောက်ခဲ့လိုက်သည်။'ဂန်ဟန်' သည်တစ်ယောက်ထဲသီးသန့်နေရသည်ကိုနှစ်သက်၍ ကွန်ဒိုမှာနေခြင်းဖြစ်သည်။သူသုံးချင်ဝယ်ချင်သမျှပစ္စည်းတိုင်းလည်းဝယ်နိုင်ရနိုင်နေသည့် လူသားတစ်ဦးပင်။ပိုက်ဆံရေလျှံသုံးနိုင်သလောက် စည်းကမ်းရှိပီးအသန့်ကြိုက်သောသူတစ်ယောက်လဲဖြစ်သေးသည်။

"ခြယ်"Where stories live. Discover now