Part 2

271 15 0
                                    

Hotelရှေ့ရပ်လာသည့်ကားကိုမြင်ပြီးအပြေးထွက်ကြိုသည့် pluto။ 'ဂန်ဟန်' ဘောင်းဘီနားအတင်းနမ်းရှုံ့ပြေးကပ်လာသည့်အကောင်လေးကို ပြေးချီပြီးကားထဲမှပါလာသောအထုပ်များသွားယူဖို့securityကောင်လေးကိုလှမ်းမှာလိုက်သည်။

'plutoလေးတောင်၄လသားဖြစ်နေပီပဲ ငါ့ကောင်ကြီးလာပီ။အိမ်လိုက်မလား မားနဲ့' ရယ်မောလျက်ဆိုင်တွင်းဝင်သွား၏။

'ဂန်ဟန်ဘာအထုပ်တွေလဲ၊ဝယ်လာတာလဲနည်းတာမဟုတ်ဘူး'

​'မေကြီးစားရအောင် pizza family ကကြုံတုန်းဝင်ဝယ်ခဲ့တာ။ဂန်ဟန်လဲဘာမှမစားရသေးလို့'

'ဒီနေ့ဆိတ်ကုလားပဲနဲ့ပြောင်းဖူးကြော်၊အင်ဥလဲကြော်ထားတယ်။စားသွားတစ်ခါထဲ မေကြီးနဲ့တူတူ'

'ဂန်ဟန်အကြိုက်တွေချည်းပဲကိုမေကြီးရယ် စားရမှာပေါ့ ဟဲဟဲ'

'ငါ့မြေး ဘယ်သွားစရာရှိသေးလဲ၊မေကြီးကခနနေ စိမ်းလဲ့တို့နဲ့မြေကွက်သွားကြည့်မလို့ချိန်းထားလို့၊ ဂန်ဟန် သွားစရာမရှိသေးရင်ဒီမှာခနနေဦးလေ'

'plutoနဲ့ဆော့လိုက်ဦးမယ်။ပီးရင်ဆိုင်ကိုလဲခနဝင်လိုက်မယ် မနက်ဖြန်တော့ ဂန်ဟန် ဆိုင်မှာပဲရှိနေမယ်မေကြီး'

Plutoနဲ့ဧည့်ဆောင်ထဲဆော့နေစဉ် ဟိုတယ်ရှေ့ရပ်သွားသောကားကြောင့် အပြင်သို့ထွက်လာသည်။

'အော် ဘာကိစ္စရှိလို့လဲ ခွန်နောင်၊မေကြီးဆီလာတာလား'

'ဟိုတယ်ဝန်းထဲကြည့်လိုက်တာ ဂန်ဟန်ကားရပ်ထားတာတွေ့လို့ဝင်လာတာ'

'ဂန်ဟန်ဘယ်နေ့အားလဲ ကိုနောင်တို့မုန့်သွားစားရအောင်လေ၊သွားမစားဖြစ်တာလဲကြာပီ'

'နောက်အပတ်ဥပုသ်နေ့အားတယ်၊မသွားခင်ဂန်ဟန်လှမ်းဆက်လိုက်မယ်'

'ဟုတ်ပီဟုတ်ပီ၊ဒါဆိုကိုသွားစရာရှိသေးလို့သွားတော့မယ်နော်'

Plutoကိုမန်နေဂျာအမဆီအပ်ခဲ့ကာ ဂန်ဟန်ရဲ့'Ganhan Silk & Fabric' ပိုးထည်ဆိုင်ရှိရာဆီထွက်လာခဲ့သည်။ဆိုင်ရှိအဝင်အထွက်စာရင်းများကြည့်ပီးသည်နှင့် မနေ့ကချိန်းထားသော Serious Barသို့မောင်းနေတုန်း လမ်းတွင်မထင်မှတ်စရာတစ်ခုနှင့်ကြုံ၏။

ရှေ့ကားနှစ်စီးအကျော်တွေမီးပွိုင့်မိနေသောကားအနက်ရောင်နံပတ်သည် သူမအဖေကားနံပတ်ဖြစ်နေသည်။ထိုကားသွားသည့်နောက်လိုက်သွားရင်းရပ်သွားသည့်နေရာမှာ ကားshowroom။သူမအဖေနှင့်အတူခပ်ငယ်ငယ်အမျိုးသမီးတစ်ယောက်ကားပေါ်မှဆင်းလာကာ တူတူဝင်သွားကြသည်ကိုမြင်ရင်း 'ဂန်ဟန်' မျက်ရည်များကျလာသည်။

'ဒီကားကိုလိုချင်ရုံနဲ့ကိုယ့်ရုပ်ရည်အသက်အရွယ်မှမထောက်ဒီလိုအသက်ကြီးကြီးလူကြီးကိုတွဲနိုင်တာတော်တော်အံ့ဩတယ်'

'ဂန်ဟန်၊သမီးဘယ်ကရောက်လာတာလဲ'

'နောက်ရောဘာလိုချင်သေးလဲ၊ရော့ဒီမှာ ငါ့လိပ်စာကတ်၊ရုပ်ဝတ္တထုတွေလိုချင်ရုံလောက်ဆိုငါ့ဆီသာလာခဲ့စမ်းပါ၊ငါဝယ်ပေးမှာပေါ့၊အမလိုလှတပတရုပ်လေးနဲ့ဒီလိုဘဲကြီးကိုတွဲနေရတာမြင်တော့ငါသနားလို့ပါ၊ယူထားလိုက်'

'အော် နေဦး၊မေ့တော့မလို့'

ကားပေါ်တွင်ပါလာသောပိုက်ဆံထုပ်သွားယူ၍သူ့အဖေနားကထိုအမျိုးသမီးအပေါ် ပြန့်ကျဲပစ်လိုက်သည်။

'နောက်တစ်ခါမှတ်ထားလိုက်ဦး၊လူတစ်ယောက်ကိုချဉ်းကပ်တော့မယ်ဆို သူ့နောက်ကြောင်းအရှုပ်အရှင်းကိုအရင်သိအောင်လုပ်ပီးမှကပ်ရတယ်၊ဒီလိုမှမဟုတ်ပဲ ဂန်ဟန်လိုလူမျိုးနဲ့လာပတ်သက်မိပီဆို နောင်တရလိမ့်မယ်' ဟုအနားကပ်ပြောကာ နာနာကျည်းကျည်းထွက်လာခဲ့တော့သည်။

'ဂန်ဟန်' အပြင် မျက်ရည်စတို့ဖြင့်ကျန်ခဲ့သည့်အခြားအမျိုးသမီးတစ်ဦးကလဲ ရှိနေသေးသည်။သူမနာမည် 'ခြယ်'။ရင်နာနာနှင့်ပိုက်ဆံရွက်တွေကြား တစ်ခုထဲသောမာနတို့သည်လည်း ပြန့်ကျဲလို့နေသည်။

'ခြယ် ဦးလေးတောင်းပန်ပါတယ်၊သမီးက မယူပါရစေနဲ့လို့အတန်တန်ပြောခဲ့ရဲ့သားနဲ့ ဦးလေးအခုလိုတွေဖြစ်အောင်လုပ်မိသွားတယ်။'

'ရပါတယ်ဦးလေး ခြယ်ကိုယ်တိုင်ကြည်ကြည်ဖြူဖြူနဲ့လိုက်လာခဲ့ပီးမှတော့လဲ ဦးလေးသမီးခုလိုလုပ်တာခံရတာ မမှားပါဘူး။ဒါပေမယ့် အားနာနာနဲ့ပဲ ခြယ်ဦးလေးရဲ့လက်ဆောင်ကိုငြင်းပါရစေနော်'

တစ်နေရာစီဖြစ်နေသောပိုက်ဆံတို့ကိုကောက်ရင်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိတော့သည်။

"ခြယ်"Where stories live. Discover now