Part 6

137 14 0
                                    

'ဂန်ဟန်'လဲ'ခြယ်'နှင့်ချိန်းထားသောကြောင့် ချိန်းထားသောအချိန်ထပ်နာရီဝက်လောက်စော၍ အိမ်မှထွက်လာခဲ့လိုက်သည်။

တိုက်ရှေ့ရောက်တော့ကားပေါ်မှာပဲသီချင်းဖွင့်၍စောင့်နေစဉ်

ကလင်.....

'ဘယ်တုန်းထဲကရောက်တာလဲညီမ၊အမဆင်းခဲ့မယ်ခနနော်ခုမှရေချိုးပီးလို့၊ဝရံတာကနေအောက်မှာကားရပ်ထားတာလှမ်းတွေ့လိုက်တာနဲ့ဆက်လိုက်တာ'

'မကြာသေးပါဘူး၊ခုမှရောက်တာ'ဟုလိမ်ပြောလိုက်၏။

'အောက်မှာစောင့်မနေနဲ့လေ၊လာအပေါ်တက်ခဲ့ပါ'

'ရပါတယ် ကားပေါ်ကပဲစောင့်တော့မယ်'ဟုသာပါးစပ်ကထွက်သွားသော်လည်းလက်ကကားတံခါးဖွင့်ပီးဖြစ်၏။

'လာပါတက်ခဲ့ပါ၊အမအခန်းလဲရောက်ဖူးသွားတာပေါ့'

'အင်းတက်ခဲ့မယ်'ဟုပြောကာဖုန်းချလိုက်သည်။

'ဂန်ဟန်'လဲboxထဲကရေမွှေးဘူးလေးထုတ်ကာလည်ပင်းမှာစွတ်လိုက်ပီးတိုက်ပေါ်သို့တက်လာခဲ့၏။

တင်း....တောင်....bellတစ်ချက်တီးလိုက်တော့
ထဘီရင်ပြတ်ဝတ်ထားပီး ကပြာကယာနှင့်တံခါးလာဖွင့်သည်။ခေါင်းလျှော်ထားသောကြောင့်ဆံပင်တို့ပင်မခြောက်သေး။ဆံဖျားလေးများတွင်ရေစက်လေးတွေတစ်စက်တစ်စက်နှင့်ကျနေ၏။

'ခနနော် အမပီးတော့မယ် နောက်များကျသွားလားမသိဘူး နာရီမကြည့်မိလိုက်တာ'

'နောက်မကျပါဘူး ဝယ်စရာရှိတာနဲ့စောထွက်လာလိုက်တာ'ဟုကြည့်ကောင်းအောင်ပြောလိုက်သည်။သဘောကျသည်ဆိုဦးတော့ တွေ့တာမကြာသေးသောကြောင့်'ဂန်ဟန်'ကမရိပ်မိစေလို။

'ဒီမှာခနထိုင်ဦးနော်ညီမ'လို့ပြောပီးအခန်းထဲပြန်ဝင်သွား၏။

အထဲတွင်အခန်းဖွဲ့စည်းပုံအရဧည့်ခန်းနှင့်မီးဖိုချောင်တွဲရက်သိပ်မကျဉ်းမကျယ်အခန်းလေးနှင့်အိပ်ခန်းတစ်ခန်းသာပါသော်လည်း 'ဂန်ဟန်' အတွက်စိတ်ဝင်စားစရာတို့များနေသည်။အကြောင်းမှာ အခန်းမကျယ်သလောက်အိမ်ထဲတွင်ထားထားသောအရာများကြောင့်ဖြစ်သည်။
ကြည့်ရသလောက်ဆိုလျှင် 'ခြယ်' သည်အပင်တွေကိုနှစ်သက်သူဖြစ်နိုင်သည်ဟုတွေးနေမိသည်။ဝရံတာရှေ့တွင်အပင်များစိုက်ထားသလို အိမ်ထဲတွင်လဲနေရာအနှံ့အပင်ငယ်လေးများစိုက်ထားသည့်အပြင် စားပွဲပေါ်တွင်လဲ marigold ပန်းအိုးလေးတင်စိုက်ထားတာတွေ့ရသည်။
နံရံတို့တွင်လည်း ပန်းချီကားလေးတွေတော်တော်များများချိတ်ထားလျက်ရှိသည်။စားပွဲအောက်တွင် ခဲရောင်ကြောင်လေးတစ်ကောင်အိပ်နေတာ မြင်တော့ 'ဂန်ဟန်' လှမ်းစကားပြောဖို့ကြိုးစားလိုက်၏။

"ခြယ်"Where stories live. Discover now