Part 17

153 9 2
                                    

လူနာစောင့်ခုံပေါ်တွင် လက်ကလေးပိုက်ကာ အိပ်ပျော်နေသည့်ခြယ်က မိမိထက်ကြီးသည်ဟုပင်မထင်ရပါ။ဂျင်းဘောင်းဘီရှည်လေးဝတ်ထားသောကြောင့် လုံလုံခြုံခြုံဖြစ်နေသော်လည်း အကဲပိုသည့်မိမိကခြေရင်းကစောင်အပါးလေးကိုကိုယ်ဖုံးရုံလောက်ခြုံပေးပစ်လိုက်သည်။မိမိမှာခြယ်ဟူသောထိုမိန်းကလေးနှင့်ပတ်သက်လျှင် နည်းနည်းလေးတောင်သဘောမကောင်းလိုပါ။

ခြယ်နိုးလာပြီးနောက်....အဘိုးရဲ့ဝတ်ပြီးသားအဝတ်များကို အိမ်သို့ပြန်ယူသွားရန် အထုပ်ထဲခေါက်ထည့်နေသည်။ပုံမှန်အိမ်သို့ပြန်လျှင် ရပ်ကွက်ထဲကအန်တီကြီးအား လူနာစောင့်အဖြစ်ခဏခေါ်ထားလေ့ရှိသည်။ယခုတော့ ဂန်ဟန်ရောက်လာသဖြင့် ဂန်ဟန့်ကိုဘိုးဘိုးနှင့်အတူထားခဲ့ကာ အိမ်သို့ပြန်ဖို့လုပ်သည်။

'ဂန်ဟန် ဘိုးဘိုးရဲ့ဆေးတွေက စားပွဲပေါ်မှာ။ဆရာဝန်တွေက မနက်အတွက်သောက်ဖို့ ရေးထားတာရှိတယ် ဒီမှာ။ဒါက အာဟာရမှုန့်။မနက်၉နာရီလောက်ကျဘိုးဘိုးနဲ့လမ်းလျှောက်ထွက်ပေးရတယ်။ခနတဖြုတ်ပေါ့'

'ဟုတ်ပါပီခြယ် စိတ်ချပါ ဂန်ဟန်သေချာတိုက်ထားလိုက်မယ်။တစ်ယောက်ထဲသွားလို့အဆင်ပြေရဲ့လား'

'ပြေပါတယ်။ခြယ်အမြဲသွားနေကြပဲ။အပြန်ကျဘာဝယ်ခဲ့ပေးရမလဲမနက်စာ။မြီးရှည်စားမလား။မန္တလေးရောက်တုန်း။'

ဘာဝယ်ကျွေးကျွေးဂျီးမများသောဂန်ဟန်က ခြယ်ပြောသမျှသာခေါင်းညိတ်လိုက်သည်။

အဘိုးအားတိုက်ရမည့်ဆေးတွေကို ပြခဲ့ကာ အထုပ်တွေယူ၍ ထွက်လာခဲ့သည်။အထုပ်တွေကများနေသဖြင့် ဒီနေ့မှ မနိုင်မနင်းဖြစ်နေသည်။အထုပ်များကို ဆိုင်ကယ်​ခြေနင်းတွင်တစ်ထုပ် ထိုင်ခုံပေါ်တွင်တစ်ထုပ်တင်ကာ ဆိုင်ကယ်ကြိုးဖြင့်တုပ်ရန်ပြင်နေသည်။ဘေးနားတွင် 'ဘယ်သွားမလို့လဲဗျ' ဆိုသောအသံကြောင့် တစ်ချက်လှည့်ကြည့်လိုက်တော့ ကိုနောင်ဖြစ်နေသည်။

'အော်ကိုနောင် ပြန်သွားပြီထင်နေတာခြယ်တို့က။မပြန်သေးဘူးလား'

'ဟုတ်တယ် ကျွန်တော်အစကပြန်မလို့ပဲ ဒီမှာအလုပ်ကိစ္စတစ်ခုမနက်ဖြန်ချိန်းထားတာပေါ်လာလို့ မပြန်တော့တာ၊အဲ့တာနဲ့ ကျွန်တော်ဆေးရုံကိုလာလိုက်တာ'

"ခြယ်"Where stories live. Discover now