Part 16

160 6 1
                                    

Part 16
ကိုနောင်၏မြန်သောကားမောင်းအရှိန်ကြောင့် နေ့လည်တစ်နာရီခွဲတွင် မန္တလေးသို့စောဝင်လာခဲ့သည်။တစ်နှစ်တစ်ခါပြင်ဦးလွင်ရှိ မေမေ့အိမ်ကိုပြန်သော်လည်း မန္တလေးကိုရောက်တိုင်းမေမေ့ကိုသတိရသည်။အလယ်တန်းကျောင်းသူဘဝတွင်မေမေနှင့်အတူ ပြင်ဦးလွင်မှမန္တလေးကိုဆင်းပြီး စျေးဝယ်တတ်ကြသည်။ဖေဖေကတော့ပါသည့်အခါမျိုးတွင်တော့ ပါသည်။

'ဂန်ဟန် ဘယ်မှာတည်းမှာလဲ။အထုပ်တွေhotelမှာချခဲ့ပြီးအေးဆေးနားပြီးမှဆေးရုံသွားပါလား'

'ကိုနောင်အဆင်ပြေတဲ့ဆီသာပို့ပါ။ရေမိုးချိုး၊ခနနားပြီးမှ လူနာအတွက်အသီးအနှံလေးဝယ်ပြီးညနေမှသွားလိုက်မယ်ဂန်ဟန်က။ကိုနောင်ကတော့ကားလဲမောင်းလာတာဆိုတော့ အေးဆေးနားပါ။ဂန်ဟန်ဘာသာပဲသွားလိုက်တော့မယ်'

'ကောင်းပီလေဂန်ဟန် ကိုနောင်မြို့ထဲကိုမောင်းလိုက်မယ်။ဒါနဲ့သူငယ်ချင်းဆိုတာ ဟိုတစ်ခါဂန်ဟန်ဆိုင်မှာမိတ်ဆက်ပေးတဲ့သူငယ်ချင်းလား။'

'ဟုတ်တယ်ကိုနောင် ခြယ့်အဘိုးဆေးရုံတင်ထားရလို့ ဂန်ဟန်လည်းလိုက်လာပေးတာ'

'ဂန်ဟန်ကသူငယ်ချင်းတွေကိုတော့တော်တော်သံယောဇဉ်ရှိတယ်နော်'

နှစ်ယောက်လုံးတိတ်ဆိတ်သွားပြီး ဟိုတယ်အဝင်ရောက်လာသည်။ကားပေါ်ကဆင်းအထုပ်တွေချသည်။

'ဂန်ဟန် ကိုနောင်ကပြန်တော့မှာ။ရန်ကုန်မှာအလုပ်ကိစ္စတွေမပြီးသေးလို့ညကားစီးပြီးပြန်မှာ'

'ဟင်တစ်ညလောက်နေသွားလိုက်တာမဟုတ်ဘူး။တစ်နေကုန်လုံးပင်ပန်းနေရောပေါ့။မနက်မှflightနဲ့သွားလေ'

'အင်းအဲ့လိုလဲရတာပဲ။ဒါဆိုမနက်မှပြန်တာပေါ့။'

ဟိုတယ်receptionတွင် နှစ်ခန်းဘိုကင်ယူပြီးတစ်ယောက်တစ်ခန်းဝင်လာခဲ့ကြသည်။

ညနေရောက်တော့ ကိုနောင်ကိုပြောခဲ့ကာဆေးရုံသို့တစ်ယောက်ထဲသွားရန်အထွက် ကိုနောင်လိုက်လာသည်။

'တစ်ယောက်ထဲသွားတာထပ်လူနာတွေ့တာဆိုတော့အဖော်နဲ့သွားရင်လူနာအပျင်းပြေတာပေါ့ မဟုတ်ဘူးလား'

"ခြယ်"Where stories live. Discover now