Part 18

181 10 2
                                    

ဆေးရုံဆင်းခါစလူမမာအဘိုး၏ကျန်းမာရေးသည် အရင်ကထပ်ပိုကောင်းလာခဲ့သည်။ဆေးသွင်းဆေးသောက်များမလုပ်ရတော့သဖြင့် မျက်နှာလေးလဲအနည်းငယ်ပြန်ပြည့်လာပါသည်။ဆေးရုံတက်သည့်၁လလုံးလုံး ဆေးရုံမှာအနီးကပ်'ခြယ်'နှင့်တူတူ စောင့်ပေးခဲ့ရသဖြင့် 'ခြယ်'နှင့်လည်းပို၍နီးကပ်လာသည်ဟုခံစားမိပါသည်။'ခြယ်'နှင့်ပင်မဟုတ် 'ခြယ်' မိသားစုနှင့်ပါရင်းနှီးကျွမ်းဝင်လာသဖြင့် မိသားစုဝင်တွေလိုပါဖြစ်လာခဲ့သည်။ဘိုးဘိုးကဆိုတစ်နေကုန်'ဂန်ဟန် ဂန်ဟန်'နှင့် ပါးစပ်ကမချ။
တစ်သီးတစ်သန့်ဆန်လွန်း၍ အိမ်တောင်တစ်ယောက်ထဲနေရမှဘဝင်ကျသည့်မိမိက ဘဝမှာမိန်းမတစ်ယောက်ကြောင့် ဒီလိုမျိုးတွေပြောင်းလဲသွားလိမ့်မည်ဟု ဘယ်တုန်းကမှမတွေးမိ။

ဆေးရုံဆင်းထဲက မနက်ဆို'ခြယ်'မနိုးခင်ထပြီး ရိုးရိုးဆန်ပြုတ်ပြုတ်လေးပြုတ်ကာ ဘိုးဘိုးကိုတိုက်ပြီးသားဖြစ်သည်။ရွေးချယ်စရာသိပ်မရှိသော အစာအိမ်လူနာတစ်ယောက်၏မနက်စာက ဆေးရုံကပေးသည့်အာဟာရမှုန့်နှင့်ဆန်ပြုတ်သာဖြစ်သည်။နှစ်ရက်ခြားတစ်ခါတော့'ခြယ်'ကကြက်ပေါင်းလေးလုပ်ကာ အဘိုးကိုတိုက်တတ်သည်။ဘိုးဘိုးကိုဆန်ပြုတ်တိုက်ပြီးတာနဲ့ မီးဖိုချောင်ထဲဝင်ကာ မိမိလုပ်တတ်သည့်တစ်ခုတည်းသောမနက်စာ ပေါင်မုန့်မီးကင်ခြင်းလုပ်ငန်းကို ချစ်ရသောသူမအတွက်စတင်သည်။တစ်ပတ်လောက် နေ့စဉ်လုပ်ကျွေးနေကြမနက်စာတစ်ခုဖြစ်သော်လည်း 'ခြယ်'ကတစ်ပတ်လုံးမညည်းမညူစားရှာပါသည်။မီးဖိုချောင်ထဲအိပ်ချင်မူးတူးဖြင့်ထလာသည့်'ခြယ်'ကထုံးစံအတိုင်း ပွစိပွစိလုပ်ရင်း မိမိတစ်နေ့တာလေးကိုသက်ဝင်ပုံဖော်ပေးသည်။

'တွေ့လား မနက်မနက်ဆိုသူတိတ်တိတ်လေးထသွားတာ သိကိုမသိဘူး။ဆေးရုံစောင့်ထားရတာပင်ပန်းမှာစိုးလို့ ဆေးရုံလေးဆင်းတုန်းအိပ်ရေးဝဝအိပ်ပြီးအနားယူပါဆို။ခုမှမနက်၇နာရီခွဲပဲရှိသေးတယ်။ဘိုးဘိုးကိုလည်းဆန်ပြုတ်တိုက်ဆေးတိုက်ပြီးပြီ။အခုလည်းကြည့် ပေါင်မုန့်မီးကင်ပြီးပြီ။ထမယ်ဆိုလည်း ခြယ့်ကိုပါနှိုးမှပေါ့။နေ့တိုင်းအစောကြီးထနေတာ ဘယ်ချိန်ထဲကထသွားတာလဲပြော'

You've reached the end of published parts.

⏰ Last updated: Jun 25, 2023 ⏰

Add this story to your Library to get notified about new parts!

"ခြယ်"Where stories live. Discover now