Part 4

181 10 0
                                    

တိုက်ရှေ့တွင်ကားရပ်လိုက်တော့ နှစ်ယောက်လုံးစကားတစ်ခွန်းမျှမထွက်ပဲ ကားပေါ်ကဆင်းသွားသည်။'ဂန်ဟန်'လဲအိမ်သို့မောင်းထွက်သွား၏။

'ခြယ်'သည်အိမ်ပြန်ရောက်တော့ မြင်းခြံထည် အိမ်နေရင်းအကွက်ဝမ်းဆက်ကိုလဲကာ ဝရံတာတံခါးကဂျက်ကိုအောက်ဆွဲချလိုက်သည်။သူမစားပွဲပေါ်ကလိမ္မော်ရောင်ထပ်တရာပန်းအိုးလေးကိုယူကာ ဝရံတာပေါ်ကလက်ရန်းပေါ်တွင်တင်ပီးရေကရားလေးနှင့်ရေလောင်းလိုက်သည်။

အလုပ်ထွက်စာတင်ထားသောကြောင့်လတ်တလောလုပ်စရာအလုပ်ဟူ၍စာဖတ်သည့်အလုပ်၊အပင်တွေရေလောင်းပေါင်းသင်သည့်အလုပ်နှင့်သူမအချစ်တော်ကြောင်လေး lucaနှင့်အချိန်ဖြုန်းဖို့အလုပ်တွေသာရှိသည်။'ခြယ်'သည်စိုက်ပျိုးရေးတက္ကသိုလ်နှင့်ကျောင်းပီးထားသည့်အလျောက် သူမအိမ်ထဲတွင် စိမ်းစိုနေသောအပင်ပေါင်းများစွာကိုစိုက်ပျိုးထား၏။ဒီထဲကမှသူအချစ်ဆုံးအပင်လေးကတော့ ဝရံတာဘောင်ပေါ်ကလိမ္မော်ရောင်marigoldပန်းပင်လေးပေါ့။

ကလင်××××××
ဖုန်းလာသံကြောင့်အိမ်ထဲပြန်လာပီးဖုန်းကိုကြည့်လိုက်တော့ ရုံးကမန်နေဂျာဖုန်း။

'ဟယ်လို ခြယ် သူဌေးကနင်အလုပ်ထွက်သွားလို့မေးနေတယ်၊ငါတို့ဘာမှပြန်မပြောလိုက်ဘူး။ဒါမယ့်သူဌေးက ဂန်ဟန် နင့်ဆီလာအနှောက်အယှက်ပေးမှာစိတ်ပူနေတယ်။တစ်ကယ်လို့ ဂန်ဟန်တစ်ခုခုနင့်ကိုလာပြောတာတို့နင့်ဆီလာတာတို့ဖြစ်ရင် သူ့ကိုလှမ်းပြောပါတဲ့ပြောခိုင်းလိုက်လို့'

'ဟုတ်ကဲ့ဂျာကြီး ကျွန်မအဆင်ပြေပါတယ်လို့လဲပြောပေးပါဦးသူဌေးကို ပီးတော့ကျေးဇူးတင်ပါတယ်လို့ရော'

'အေးအေးအဲ့တာဆိုဒါပဲနော်'

ငါလဲအလုပ်ကထွက်လိုက်ပီဆိုတော့အလုပ်တစ်ခုခုတော့ရှာမှဖြစ်မယ်' ဟုတွေးလိုက်ပီး စားပွဲပေါ်ကlaptopလေးဖွင့်ကာ အလုပ်ရှာနေမိသည်။

ကလင်..ကလင်..ကလင်..ကလင်

ဖုန်းကိုဖွင့်ကြည့်မိတော့contactထဲမရှိသည့်ဖုန်းနံပတ်အစိမ်းတစ်ခု။

'ဟယ်လို'

'ဟယ်လို ခနလောက်တွေ့လို့ရမလား'

"ခြယ်"Where stories live. Discover now