'စားပွဲပေါ်ကဓာတ်ပုံ'

146 8 0
                                    

Part 14

​ပန်းချီပြခန်းတွေလိုပန်းချီကားချက်များကိုနံရံမှာချိတ်ဆွဲမထားပဲ ကြမ်းပေါ်မှာထောင်ထားသဖြင့် ပန်းချီကားလေးတွေကတစ်မျိုးကြည့်ကောင်းနေသည်။နောက်ခံတီးလုံးအေးအေးလေးဖွင့်ထားပြီး ပန်းချီကားရဲ့အရသာကိုခံစားရသည်မှာ သဘောကျဖွယ်ကောင်းသည်။ပန်းချီကားအများစုမှာ ပန်းပုံလေးတွေနှင့်တိမ်ပုံစံရေးဆွဲထားသည့်ပန်းချီကားများဖြစ်ကြသည်။မနက်နေထွက်ချိန်မှညနေနေဝင်ချိန်အထိကောင်းကင်၏အရောင်ပြောင်းလဲမှုများကိုခံစားရနိုင်သည်။

'မိုးနှောင်း ဒီပန်းချီကားလေးတွေကရိုးရိုးရှင်းရှင်းလေးတွေနဲ့သိပ်လှတာပဲနော်'

ပန်းချီကားတွေကိုနှစ်သက်စွာကြည့်နေသည့်'ခြယ့်'အတွက်အခန်းထောင့်စွန်းကသစ်သားခုံပေါ်တွင်ထောင်ထားသည့် နေဝင်ချိန်ကောင်းကင်၏နီစွေးနေမှုကိုနောက်ခံထားကာလူနှစ်ယောက်လမ်းလျှောက်နေသည့် ပန်းချီကားလေးကို'ခြယ့်'ကိုပေးချင်လာသည်။

'ခြယ် ခနနော်ဖုန်းလာနေလို့သွားပြောမလို့'

ကောင်တာစားပွဲအဝါလေးနားတွင်ထိုင်ကာပန်းချီရေးဆွဲနေသည့်ဆိုင်ရှင်ကောင်မလေးနားသွားကာ 'ညီမစိတ်မရှိပါနဲ့နော်။ဟိုကခုံပေါ်မှာထောင်ထားတဲ့ပန်းချီကားလေး အမကိုရောင်းပေးလို့ရလားဟင်'

'ရှင် ပန်းချီလေးတွေကမရောင်းဘူးရှင့်။ဆိုင်ကိုလာတဲ့ဧည့်သည်တွေအတွက်ဆိုင်ကိုရောက်တုန်း ခနတဖြုတ်အနားယူရင်းကြည့်လို့ရအောင်ထောင်ထား..'

'လုပ်ပါညီမရယ်စိတ်မရှိရင်ရောင်းပေးပါလားနော်။အမကောင်မလေးကအဲ့ဒီပန်းချီကားလေးကိုအရမ်းသဘောကျနေလို့ သူ့ကိုပေးချင်လို့ပါ'

'အော်ဟုတ်လား။ရပါတယ် ဒါဆိုညီမရောင်းပေးလိုက်ပါမယ်။ဈေးကတော့ညီမလဲမဖြတ်တတ်တော့အမပဲကြည့်ပေးလိုက်ပါနော်။'

'ကျေးဇူးတင်ပါတယ်ညီမလေး'

ပြုံးစိစိနှင့်ဖြစ်နေသောမိမိပုံစံကဘယ်လိုဖြစ်နေမည်မသိပါ။ခြယ်နှင့်ကိုယ်ကဘာမှမဆိုင်သေးသော်လည်း ကောင်မလေးပါဆိုပြီးသုံးလိုက်ရတဲ့အရသာကဘာနှင့်မှပင်မလဲနိုင်။

"ခြယ်"Where stories live. Discover now