Part 8

138 16 2
                                    

"ကိုယ်ဘယ်လောက်ပဲ ရှောင်ပြေးပါစေဦး
ခြယ်ကသူမအနားသို့ ပိုမိုနီးကပ်လာခဲ့သည်မဟုတ်လား"

.....................................................................

လျှပ်စီးရောင်တစ်လက်လက်နှင့်အတူ နေရောင်အစားဝင်ရောက်လာသောတိမ်စိုင်မည်းမည်းတို့က ကောင်းကင်တွင်တဖြည်းဖြည်းရွေ့လျားနေကြ၏။ပုံမှန်ထပ်ပိုပြင်းစွာတိုက်ခတ်နေသောလေထုကိုလည်း 'ဂန်ဟန်'ကငေးမော၍သာခံစားနေပုံပေါ်သည်။မကြာခင်မှာပဲ မိုးစက်မှုန်လေးများကခန္ဓာကိုယ်အပေါ်ကျရောက်လာပြီး ရုတ်ချည်းဆိုသလို မိုးပေါက်ကြီးတွေအဖြစ်ပြောင်းလဲကုန်ကြသည်။

မိုးသံနှင့်လေသံတို့အကြားမှ မှုန်ဝါးဝါးခေါ်သံတစ်ခုကိုသူမကြားလိုက်မိပါသည်။ရွာသွန်းနေသော မိုးတွေကြားထဲမှ သူမအနားတစ်စုံတစ်ယောက်ကလဲ ရောက်ရှိလာဟန်တူသည်။

လိမ္မော်....လိမ္မော်ရောင်ထီးကလေးတစ်ချောင်းနှင့် ။လိမ္မော်ရောင်ကိုမြင်သည်နှင့် ခြယ်ဆိုသည့်တံဆိပ်ကိုရိုက်နှိပ်ထားသလိုပင်။

'ဒီမှာဘာလုပ်နေတာလဲ စိတ်နဲ့လူနဲ့ဘာလို့ဒီလောက်မကပ်နေတာလဲ ကြည့်ပါဦးတစ်ကိုယ်လုံးလဲစိုတော့မယ်'ဟုနှုတ်ခမ်းလေးထော်ကာဆူပြီး သူမအပေါ်လိမ္မော်ရောင်ခေါက်ထီးလေးနှင့်အုပ်မိုးပေးလိုက်သည့် 'ခြယ်'။

'ဒီကို ဒီကိုဘယ်လိုရောက်လာတာလဲ'

'ဘယ်လိုရောက်ရမလဲ ဝယ်ဖို့ရွေးထားတဲ့စာအုပ်တွေ ယူမသွားလို့ ဝယ်ပြီးနောက်ကနေအမြန်လိုက်ပေးတာ၊ဘတ်စ်ကားပေါ်တက်တော့ လူတစ်ယောက်နဲ့တိုက်မိပြီး ဘောင်းဘီထဲကပိုက်ဆံအိတ်ပြုတ်ကျခဲ့တယ်လေ မမှတ်မိဘူးလား'

'မှတ်မိတယ်'

ဘယ်မှာကျန်ခဲ့မှန်းမသိလို့ ကားပေါ်ကအန်တီကြီးတစ်ယောက် ဘတ်စ်ကားခရှင်းပေးလိုက်တာ​ကိုပြန်သတိရသည်။

'အဲ့ပိုက်ဆံအိတ်လိုက်ပေးမယ်လုပ်တော့ ဘတ်စ်ကားကထွက်သွားတာနဲ့ တက္ကစီနဲ့လိုက်လာတာ သန်လျင်ထိပါလာတော့တာပဲ'

သန်လျင်တံတားပေါ်  သည်းမဲစွာရွာနေသော မိုးရေတွေအောက် ထီးကလေးလေးတစ်ချောင်းနှင့်ပင်ပြည့်စုံနေခဲ့သည်။

"ခြယ်"Onde as histórias ganham vida. Descobre agora