Part 15

143 8 2
                                    

Part 15

အခန်းထဲမှလိုက်ကာကိုဖွင့်လိုက်တော့ တိုက်တာအဆောက်အဦးတွေ၏အထပ်မှ နေလုံးကြီးကိုမြင်တွေ့နေရသည်။ဆောင်းဝင်လာသဖြင့် နေ့တာတိုပြီး နေလုံးသည်တိုက်ထဲသို့ဝင်သွားသယောင်။ကောင်းကင်ရှိအရောင်တို့သည်လည်း ပန်းရောင်၊လိမ္မော်ရောင်တို့ဖြင့်ဆက်ယှက်ကာ လှလို့နေလေသည်။ငှက်ကလေးများကလည်း သူတို့၏သဘာဝအတိုင်း အိပ်တန်းတက်ရန်ပျံလွှားနေကြသဖြင့် ယနေ့မှကောင်းကင်က ခါတိုင်းနေ့တွေထပ်ပိုလှနေသလိုပင်ရှိသည်။

ခနအကြာ ရေချိုးပြီး အိပ်ခန်းမီးအလင်းရောင်ကိုလျှော့လိုက်သည်။စားပွဲတွင်ထိုင်ပြီး အံဇွဲထဲကမှတ်စုစာအုပ်လေးကိုအထုတ် ကုတင်ပေါ်ကဖုန်းvibrateမြည်သံကြောင့် ထကြည့်မိလိုက်သည်။ညမိုးချုပ်နံပတ်အစိမ်းဆိုလျှင် အလုပ်ကိစ္စဖြစ်မည်အထင်နှင့်မနက်မှပြန်ခေါ်မည်ဆိုပြီး ပြန်ချထားလိုက်သည်။နာရီဝက်လောက်နေတော့ ထိုနံပတ်နှင့်ပဲပြန်ခေါ်လာသည်ကြောင့်ကောက်ကိုင်လိုက်တော့ 'ဟယ်လို၊မိုးနှောင်။တို့ပါ' ဆိုသောအသံချိုချိုလေးကိုကြားလိုက်ရသည်။

'ဟယ်လို ခြယ်လား။ခြယ် အခုဘယ်ကဆက်တာလဲ၊ဘယ်မှာလဲ။ဘာလို့အခုမှဆက်တာလဲဟင်။ဂန်ဟန် ဖုန်းဆက်တာလဲစက်ပိတ်ထားတယ်။တစ်ခုခုဖြစ်လို့လား'
စာမချန်၊သတင်းမထားပဲ ရုတ်တရက်ပျောက်သွားပြီးမတွေ့ရတာနှစ်ပတ်လောက်ရှိသည့်အလွမ်းကြောင့် မေးခွန်းတွေသာမေးလိုက်မိသည်။

'နေပါဦး၊မိုးနှောင်းရဲ့။ခြယ်ပြောပါ့မယ်။ခြယ်အခု မန္တလေးမှာရောက်နေတာ။ခြယ့်ဘိုးဘိုး အစာအိမ်သွေးကြောပေါက်လို့ အဲ့ဒီနေ့ကချက်ချင်းပဲရရာကားနဲ့ မန္တလေးကိုပြန်သွားတာ'

'ဟုတ်လား အခုရောခြယ့်ဘိုးဘိုးသက်သာလား။ဘယ်လိုနေလဲဟင်။'

'သက်သာလာပီမိုးနှောင်း၊မိသားစုကလဲဘိုးဘိုးရယ်ခြယ်ရယ်ဦးလေးရယ်ပဲရှိတာဆိုတော့ ချက်ချင်းလူနာစောင့်ဖို့ဆိုခြယ်ပဲရှိတာမို့။အဲ့နေ့ကလဲ ခြယ်စိတ်တွေပူပြီးဘိုးဘိုးဆီမြန်မြန်ရောက်ချင်တာနဲ့ပဲ ဘာကိုမှမပြောသွားလိုက်ရဘူး။မိုးနှောင်းတော့မတွေ့ရင် စိတ်ပူနေတော့မှာပဲဆိုပြီးခုမှသတိရလို့'

"ခြယ်"Where stories live. Discover now