Part 10

153 13 0
                                    

'နိုးပြီလားဂန်ဟန် ဒီညနေအပြင်ထွက်လမ်းလေးဘာလေးလျှောက်ကြမလားဟင်'

'အင်းကောင်းတာပဲ ခြယ့်သဘော။ပြီးတော့ဘာစားချင်တာရှိလဲ ညဈေးဘက်လျှောက်ပြီးမုန့်သွားစားကြမယ်လေ'

'စပ်တာလေးတွေစားချင်တယ်'

'မာလာမောက်ချိုက်စားကြမလား၊အဲ့နားကဆိုင်လေးတွေကောင်းတယ်'

'အင်း စားမှာပေါ့'

ဒီလိုနဲ့ညနေနှစ်ယောက်သား ညဈေးရှိရာဘက်သို့လမ်းလျှောက်ထွက်ခဲ့ကြသည်။

'မာလာမောက်ချိုက်ကို ခြယ်ခုမှစားဖူးတာ၊ကြားဖူးနေတာကြာပီ'

'စားကြည့်တော့ကြိုက်လား၊အင်းအရမ်းကြိုက်တယ်'

အားရပါးရစားရင်းရယ်ရယ်မောမောပြန်ပြောနေသည့်ခြယ့်ကြောင့် ဂန်ဟန်ပါးစပ်ကြီးကလဲပြုံးစိပြုံးစိနှင့် နားရွက်တောင်တက်ချိတ်တော့မလို။

စားပြီးနောက် မပြန်ချင်သေးတာနှင့်ပဲဈေးကိုလျှောက်ကြည့်လိုက်ကြသည်။ပြီးမှ သတိရသွားပြီး 'ခြယ့်'ကိုကျွေးစရာတစ်ခုရှိသေးတယ် လာလိုက်ခဲ့ဟု လက်ကိုဆွဲခေါ်လာခဲ့၏။ကိုယ်ခေါ်ရာသို့ လိုက်ပါလာသည့် ခြယ်ကကလေးငယ်လေးတစ်ယောက်နှင့်ပင်တူနေပြန်သည်။
ထို့ကြောင့်လဲ 'ခြယ်' ကြိုက်မည်အထင်နှင့် ကိုယ်စားနေကြ ice pointသို့ ခေါ်လာရခြင်းဖြစ်သည်။

'ရေခဲမုန့်ကြော်' ဟုဆိုပြီးသူမကိုလှမ်းကြည့်ပြီး ပြောသည်။

'ဟုတ်တယ် ဒါဂန်ဟန်စားနေကြဆိုင်လေ။ဆိုင်ကပြန်တိုင်း အမြဲလိုလိုဒါဝယ်စားတယ်။အမရှယ်လုပ်ပေးနော်'လို့ဆိုင်ရှင်အမကို လှမ်းမှာလိုက်တော့ ဆိုင်ရှင်အမကနားလည်ဟန်နှင့်ခေါင်းညိတ်ပြသည်။

ရရချင်း 'ခြယ့်'ကို ခွံ့လိုက်တော့ 'ခြယ်'ကလဲကြိုက်သွားပုံရသည်။နောက်တစ်ခုထပ်မှာပေးဖို့ပူဆာ၏။

ဒီလိုနဲ့စားပြီးအိမ်သို့ပြန်လျှောက်လာခဲ့ကြသည်။

လမ်းလျှောက်နေရင်းမှ 'ခြယ် ကmarigoldလေးတွေနဲ့လိမ္မော်ရောင်ကိုတော်တော်ကြိုက်တယ် ထင်တယ်နော်'ဟုမေးတော့ စားနေရာမှ 'အင်း လိမ္မော်ရောင်က ခြယ်အကြိုက်ဆုံးအရောင်လေ။အဲ့တာကြောင့် လိမ္မော်ရောင်ခေါက်ထီး၊လိမ္မော်ရောင်အင်္ကျီတွေ၊လိမ္မော်ရောင်ခေါက်ပိုက်ဆံအိတ် အကုန်နီးပါးလိမ္မော်ရောင်လေးတွေချည်းတောင်ဖြစ်နေပြီထင်ပါတယ်။Marigoldကလဲသဘောအကျဆုံးပန်းပေါ့။အဲ့ပန်းလေးတွေကိုမြင်ရင် ပျော်တယ်။Marigoldတွေက ခြယ့်ကိုပျော်စေတယ်လေ'

"ခြယ်"Opowieści tętniące życiem. Odkryj je teraz