Part 12

189 15 2
                                    

Lတန့်မွေးနေ့ကြောင့် မနက်၃နာရီကျော်မှ သူတို့နှစ်ကောင်ကိုလိုက်ပို့ခဲ့ပြီးအိမ်သို့ပြန်ရောက်လာခဲ့သည်။အိမ်ရှေ့တံခါးဝတွင် ငုတ်တုပ်ထိုင်ကာအိပ်ငိုက်နေသည့် မိန်းကလေးကိုဓာတ်လှေကားထဲကထွက်ထွက်ချင်းလှမ်းတွေ့လိုက်တော့ ဘယ်သူမှန်းမသိခဲ့ပါ။ကိုယ်လဲသောက်လာတာများသောကြောင့်အိမ်သို့ရောက်အောင်ပင် မနည်းပြန်ခဲ့ရသည်။အရှေ့ရောက်တော့မှ cardigan အပါးလေးကိုဂါဝန်ပေါ်လွှမ်းခြုံထားပြီး tote bagကလေးကိုပိုက်ကာ မျက်နှာကိုဖုံး၍ထိုင်လျက်အိပ်ပျော်နေသည့် ထိုမိန်းကလေးက သူမရဲ့ခြယ်ဖြစ်နေသည်။

ဂန်ဟန်လဲအရှေ့တွင်ငုတ်တုပ်လိုက် ထိုင်လိုက်ပြီး အိပ်ပျော်နေသည့်ခြယ့်ကိုတွေတွေလေးကြည့်နေမိသည်။အိပ်ပျော်နေသည့် ဒီပုဇွန်ကွေးလေးက သူ့မရဲ့အိမ်ရှေ့မှာဒီလိုအချိန်ထိဘာကြောင့်ရှိနေတာလဲလို့တွေးပြီး မနှိုးလဲမနှိုးရက်ဖြစ်နေသည်။ဝတ်လာသောဂျာကင်အနက်ကိုချွတ်ပြီး သူမအပေါ်လွှမ်းခြုံပေးလိုက်တော့ ချက်ချင်းပဲနိုးလာသည်။

'ဘာလို့ဒီအချိန်မှပြန်လာတာလဲ ဖုန်းဆက်နေတာဘယ်နှကောတောင်ရှိပြီလဲ သိလားဂန်ဟန်'

ဖုန်းကိုယိုင်ထိုးနေသည့်ခန္ဓာကိုယ်နှင့်ဘောင်းဘီအိတ်ကပ်ထဲကထုတ်ကြည့်လိုက်တော့ အဝင်call ၂၀။

'ခြယ်ခေါ်ထားတာ ဂန် ဂန်ဟန်မသိလိုက်လို့ပါ၊ဖုန်းကိုsilentလုပ်မိသွားတာထင်တယ် တောင်းပန်ပါတယ်နော်'

သောက်လာသည့်အရှိန်ကများတာကြောင့်လူကမျက်လုံးပွင့်လိုက်မပွင့်လိုက်နှင့်ပင် ခြယ့်ကိုအားယူကာစကားပြောနေရသည်။

ဘာမှပြန်မပြောလာသည့်ခြယ့်ကြောင့်

'ခြယ်ကဘာလို့..'စကားမဆုံးသေးခင်ပင်မျက်နှာပေါ်ရောက်ရှိလာသည့် လက်ချောင်းလေးများ။နှုတ်ခမ်းကိုထိတွေ့လိုက်သည့် ပူနွေးနေသောလက်ကလေးတွေ။ထို့နောက် လက်ကိုပါဆွဲယူလိုက်သည်။

'ဂန်ဟန် ဒါဘာတွေဖြစ်လာတာလဲ။ဘယ်သူကလုပ်လိုက်တာလဲဟင်။ဘာလို့အဲ့လောက်မူးလာတာလဲ။ဖုန်းပြောနေရင်းစကားပြောသံတွေကြားလိုက်ရတယ် ပြီးတော့ဖုန်းကကိုင်ထားရင်းနဲ့တန်းကျသွားလို့ပြန်ခေါ်တော့မကိုင်တော့ဘူး။ဘယ်သူနဲ့ရန်ဖြစ်လာတာလဲ'

"ခြယ်"Hikayelerin yaşadığı yer. Şimdi keşfedin