Part 7

140 12 0
                                    

မနက်ခင်းရဲ့အစ ဆိုဖာပေါ်မှာညကအိပ်ပျော်သွားသည်နှင့်တူသည်။ခေါင်းတွေလဲမူးဝေနေပီးနိုးတာတောင် တော်တော်နှင့်ကိုယ်လက်တို့မလှုပ်ရှားနိုင်။ခုံအောက်တွင်လဲ ဘီယာဘူးခွံတို့ဖြင့်။ခနအကြာမှထပီး ညကသောက်ထားသောအမှိုက်တို့ကို ဖြေးဖြေးချင်းရှင်းယူရသည်။

ကလင်........ကလင်

ဖုန်းလာနေသဖြင့်ယူကြည့်လိုက်တော့မေကြီး။

"ဟယ်လိုမေကြီး"

"ဂန်ဟန်မထသေးဘူးလား၊ထတော့လေမြေးရဲ့၊ဒီနေ့ဆွေတို့နဲ့ ဟိုတယ်မှာနေ့လည်စာသွားစားဖို့ချိန်းထားတယ်"

"ဂန်ဟန်မလိုက်တော့ဘူး"

"လိုက်ခဲ့ပါသမီးရဲ့၊မေကြီးကညကတည်းကကြိုပြောမလို့ဖုန်းခေါ်နေတာ၊သမီးကဖုန်းမကိုင်လို့၊ညကဘယ်ရောက်နေတာလဲကောင်မလေး"

"အာ ဟုတ်ပါဘူးအိမ်မှာပဲ ဂန်ဟန်မကြားလိုက်လို့ပါမေကြီးရဲ့၊ဒါဆိုလဲခနနေထွက်ခဲ့မယ်နော်'

ဖုန်းကိုချလိုက်ပီးရေချိုးရန်ပြင်ရတော့သည်။

ဆွေဆိုသည်မှာ တစ်ခြားတော့မဟုတ်။ကိုနောင်၏အမေဖြစ်သည်။
ကိုနောင်ဆိုတာ ငယ်ငယ်ထဲက'ဂန်ဟန်'တို့အိမ်နှင့်ရင်းနှီးသည်ထက်ပိုသည်။အကိုတစ်ယောက်ဆိုလဲမမှားပေ။အိမ်နှစ်အိမ်ကအရမ်းခင်ကြတဲ့ဆက်ဆံရေးကြောင့် တစ်ယောက်နှင့်တစ်ယောက်မောင်နှမတွေလိုဆက်ဆံရေးပင်ဖြစ်၏။

ညကသောက်ထားသည့်အရှိန်ကြောင့်မသွားချင်သော်လည်း သွားမှတော့ဖြစ်မည်။

"ဟော ဟိုမှာသမီးဂန်ဟန်လာပီ"

စားပွဲရှည်တစ်ခုတွင်ထိုင်နေကြသူတို့အားလုံး၏ မျက်လုံးအစုံတို့သည် မိမိထံရောက်လာကြ၏။

'သမီးဂန်ဟန် ဘာစားမလဲ၊အန်တီဆွေတို့ကသမီးလာမှမှာမယ်ဆိုပီး စကားကောင်းနေကြတာ'

'ဂန်ဟန်ကဘာပဲဖြစ်ဖြစ်စားပါတယ်အန်တီဆွေရဲ့ အန်တီဆွေတို့လူကြီးတွေကြိုက်တာသာမှာပါ'

ထမင်းစားကြပီးနောက် လူကြီးတွေကစကားတစ်ပြောပြောနှင့် သူမကဖုန်းကိုသာကြည့်နေလိုက်သည်။'ဂန်ဟန် ဒါပီးရင်ဘယ်သွားစရာရှိလဲ'ဟု ကိုနောင်မှမေးလာသည်။

"ခြယ်"Where stories live. Discover now